Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

Powered by Drupal

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

     ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

   ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

   ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၁၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

    ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၃၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၃၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၃၇၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၇၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

   ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

    ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

   ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၄၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၂၆၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

   ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၉၇၅ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၇၃၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၁၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၆၄၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင် ကျော် မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

 

နှမ်းမျိုးစုံသီးနှံ

   ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၉၉၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၁၀၆၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ ငါးသောင်းကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၇၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)