Main menu

ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာ နေလဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ၊မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည်  (၂၁.၂.၂၀၂၃) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့၊ မဲဇလီကျေးရွာရှိ နေလဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEလုပ်ငန်းဖွံ့ဖြိုးရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မဲဇလီကျေးရွာရှိ နေလဆန်စက်ပိုင်ရှင်အားတွေ့ဆုံ၍ ဆန်စက်တွင်စပါး/ဆန်ရောင်းဝယ်ကြိတ်ခွဲထွက်ရှိမှုအခြေအနေနှင့်ဆန်ရောင်းဝယ်ဖောက်ကားမှု ဆန်ဈေးကွက်အခြေအနေများကို မေးမြန်းခဲ့မှုအပေါ် (၂၁.၂.၂၀၂၃) ရက်နေ့ဈေးအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်ထွက် မိုးမနောသုခစပါး ကွင်းဈေး (၅၀) ပေါင် ၁၅၂၀၀ကျပ် ၊ စက်ဈေး ၁၅၅၀၀ကျပ်၊ မိုးမနောသုခစပါး (၄၆) ပေါင် ကွင်းဈေး ၁၃၉၀၀ ကျပ်၊ စက်ဈေး ၁၄၂၀၀ ကျပ်၊ မိုးမနောသုခ ဆန်(၁၀၈) ပေါင်လတ်စတစ်အိတ်ဈေး ၅၄၅၀၀ကျပ်၊ ထိပ်စဈေး ၅၆၀၀၀ကျပ် ဖြစ်ကြောင်း၊ မိုးနှံကားစပါးကွင်းဈေး (၅၀) ပေါင် ၁၃၉၅၀ကျပ် ၊ စက်ဈေး ၁၄၁၅၀ကျပ်၊ မိုးနှံကားစပါး (၄၆) ပေါင် ကွင်းဈေး ၁၂၈၀၀ကျပ်၊ စက်ဈေး ၁၃၀၀၀ကျပ်၊ မိုးနှံကား ဆန်(၁၀၈) ပေါင်လတ်စတစ်အိတ်ဈေး ၅၂၀၀၀ကျပ်၊ ထိပ်စဈေး ၅၃၅၀၀ကျပ် အရောင်အးဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။ ဆန်စက်တွင်အသုံးပြုလျက်ရှိသော စက်အရည်အသွေးနှင့်လုပ်ငန်းလိုအပ်ချက်များနှင့်ဆွေးနွေးပြီး ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)