မြေပဲစိုက်တောင်သူများသည် ယခု(၂၀၂၃)ခုနှစ်တွင် မြေပဲစိုက်ပျိုးရာတွင် အလုပ်သမားငှားရမ်းမှု များပြားခြင်းနှင့် စိုက်ပျိုးစရိတ်မြင့်မားခြင်းတို့ကြောင့် အလွယ်တကူစိုက်ပျိုနိုင်းပြီး ကုန်ကျစရိတ်သက်သာသော ပဲဇီးကွက်၊ ပဲထောပတ်၊ ပဲနီလေးနှင့် အခြားပဲများကို အစားထိုးစိုက်ကြ၍ ဆောင်းသီးနှံမြေပဲပေါ်ချိန်တွင် ထွက်ရှိမှုနည်းပါးကြောင်း၊ ပခုက္ကူမြေပဲဈေးကွက်တွင် ကုန်ဝင်နည်းသွားခြင်းကြောင့် မြို့ပေါ်ရှိလုပ်ငန်းရှင်များမှ ယခင်ဝယ်ယူသိုလှောင်ထားရှိသော မြေပဲများကို ကြိတ်ခွဲကာ ပြည်တွင်း၌သာ ထုတ်လုပ်ရောင်းချဖြန့်ဖြူးလျက်ရှိပြီး ယခုအပတ်တွင် ပြည်ပသို့တင်ပို့ဖြန့်ဖြူးရောင်းချမှုမရှိကြောင်းနှင့် မြေပဲအရောင်းအဝယ်မှာ အေးလျက်ရှိကြောင်း မြို့ပေါ်ရှိမြေပဲရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရသည်။
ပခုက္ကူမြေပဲဈေးကွက်မှာ မတ်လ(ဒုတိယ)ပတ်အတွင်း မြေပဲတောင့်အစို (၆)လပဲ တစ်ပိဿာလျှင် ကျပ်(၂၁၀၀)၊ မြေပဲဆံအရည်အသွေးလိုက်၍ လက်ကားတစ်ပိဿာလျှင် ကျပ်(၆၀၀၀/ ၆၃၀၀)၊ လက်လီဈေးမှာ ကျပ်(၆၅၀၀/၆၈၀၀)၊ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၃၀၀၀) စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြေပဲဈေးကွက်မှ သိရှိရပါသည်။
ပပရွှေ(ပခုက္ကူ)