Main menu

ပြည်နှမ်းဈေးများ ဆက်လက်ငြိမ်သက်

Powered by Drupal

    ပြည်ဈေးကွက်တွင် မတ်လ ဒုတိယပတ်တွင် နှမ်းနီနှင့်စမုံနက်နှမ်းဈေးအနည်းငယ်ကျလာပြီး နှမ်းနက်ဈေးမှာ ယခင်အပတ်ကအတိုင်းဈေးငြိမ်နေပါသည်။ ယခုအချိန်တွင် နှမ်းနက်နှင့်စမုံနက်နှမ်းများမှာ ဝယ်လိုအားနည်းပြီး ဆီစက်သမားများက နှမ်းဆီကြိတ်ရန် နှမ်းနီကို အနည်းငယ်သာဝယ်ယူမှုရှိသဖြင့် ယခုအပတ်တွင် ဈေးအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ နှမ်းကို ပြည်ပသို့တင်ပို့ရန်သာအသုံးရှိပြီး နှမ်းဆီကို စားသုံးမှုနည်းသဖြင့် ဆီစက်များကလည်း မြေပဲဆီကို ဦးစား ပေး၍ ကြိတ်ခွဲကြပါသည်။  နှမ်းဆီမှာ ဆေးဖက်ဝင်သော်လည်း အရသာမှာ ခါးသက်သက်ရှိ၍ စားသုံးသူများကြိုက်နှစ်သက်မှုမရှိ၍ ဆီစက်များကလည်း နှမ်းဆီကို အနည်းငယ်သာကြိတ်ခွဲထုတ်လုပ်ကြပါသည်။ ယခုအပတ်နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် (၂၅၅၀၀၀) ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် (၂၈၀၀၀၀) ကျပ်နှင့် စမုံနက်နှမ်း(၃)တင်း တစ်အိတ်လျှင် (၂၉၅၀၀၀) ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးအနည်း ငယ်ကျဆင်းလာပါသည်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ကျော်ဖြင့် ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)