Main menu

ဖြူးမြို့နယ်ရှိ ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံအထွက်နှုန်းနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

    တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆောင်းမြေပဲစိုက်ဧက ၁၇၃၇ဧကစိုက်ပျိုးပြီး ၉၆၃ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း သိရှိရပါသည်။ စစ်တောင်းမြစ်ကမ်းတစ်လျှောက်နုံးတင်မြေနုတွင် စိုက်ပျိုးကြရာ မြေပဲ ၁ဧကလျှင်အထွက်နှုန်း ၆၉.၇၅ပိဿာထွက်ရှိပါသည်။

        ဖြူးမြို့တွင် မြေပဲဈေးနှုန်းအနေဖြင့် မြေပဲဆံအနီတစ်ပိဿာလျှင် ၈၂၀၀ကျပ်နှုန်းနှင့် မြေပဲဆံအဖြူတစ်ပိဿာလျှင် ၈၀၀၀ကျပ်နှုန်း လက်လီရောင်းချပေးလျက်ရှိကြောင်း၊ မြေပဲကို အဓိကအားဖြင့် ဆီကြိတ်ကြသော်လည်း ကြော်စားရန်နှင့်လှော်၍ အသုပ်စုံအမျိုးမျိုးတွင် အသုံးပြုရန်အတွက် မြေပဲဆံကိုလည်းရောင်းချကြပါကြောင်း၊ ဖြူးမြို့နယ်၏ မြေပဲစိုက်ဧကနှင့် အထွက်နှုန်းအရ ဒေသတွင်းစားသုံးရန်အတွက်သာ အဓိကစိုက်ပျိုးကြောင်း၊ ခန့်မှန်းအထွက်နှုန်းအရ ဖြူးမြို့နယ်မှထွက်ရှိသောမြေပဲမှာ ဆီပိဿာ ၅၀၀၀၀ခန့်ထွက်ရှိနိုင်ပါကြောင်းနှင့် ယခုကဲ့သို့ စားသုံးဆီဈေးနှုန်းများမြင့်တက်နေသောကာလတွင် မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲအား ဆီကြိတ်၍ ပဲဆီများအား ဒေသအတွင်း ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)