ကယားပြည်နယ်သည် ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းများလည်း ပုံမှန်ရောင်းဝယ်လျက်ရှိရာ ရွှေထည်လက်ဝတ်ရတနာများကိုကိုယ်ပိုင်ပန်း တိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချကြသည့်အပြင် မန္တလေး၊ တောင်ကြီးဘက်မှလည်း ရွှေထည်များ မှာယူရောင်းချလျက်ရှိပါသည်။
ယခုလက်ရှိ ၂၀၂၃ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ရွှေဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂၉၆၀၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၇၇၅၀၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဈေးကွက်တွင်ဖြစ် ပေါ်ခဲ့သော ရွှေ ဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂၈၆၀၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ် သားလျှင် (၂၆၈၁၂၅၀) ကျပ် ရှိခဲ့ပြီး ယခင်ဖေဖော်ဝါရီလတတိယပတ် နှင့် ယခုမတ်လတတိယပတ် နှိုင်းယှဉ်လျှင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၁၀၀၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၉၃၇၅၀) ကျပ်ခန့် ရွှေဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းတိုးမြှင့်လာခြင်းကြောင့်ဖြစ်သည့်ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)