မကွေးမြို့ပေါ်ရှိဈေးများသို့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်းသီး၊ ချင်းတက်၊ နနွင်းတက်၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူများမှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှဝင်ရောက်လျက်ရှိပြီး သံပရာသီး၊ သံပယိုသီး၊ ရှောက်သီးနှင့် ကြက်သွန်နီများကို မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ ပွဲရုံများထံမှ သိရှိရပါသည်။
မတ်လ(စတုတ္ထ)ပတ်အတွင်း မကွေးမြို့ပေါ်ရှိ စျေးများ၌ ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ ပန်းဂေါ်ဖီပွင့်(၁)ပွင့်လျှင် ကျပ်(၁၀၀မှ ၁၅၀၀)အတွင်း၊ ဂေါ်ဖီထုတ် (၁)ထုတ်လျှင် ကျပ် (၁၀၀၀)၊ ခရမ်းချဉ်းသီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)အတွင်း၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ နနွင်းတက်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ သံပရာသီး(၁)လုံးလျှင် ကျပ်(၂၀၀)၊ သံပယိုသီး (၁)လုံးလျှင် ကျပ်(၁၅၀)၊ ရှောက်သီး(၁)လုံးလျှင် ကျပ်(၃၀၀)၊ ကြက်သွန်နီ(အသစ်) (၁)ပိဿာလျှင် ကျပ် (၁၂၀၀ မှ ၁၅၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(၁)ပိဿာလျှင် ကျပ် (၄၅၀၀မှ ၅၀၀၀) အတွင်း၊ ငရုတ်သီးခြောက်အရှည်(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငရုတ်သီးခြောက်အပု(၁)ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၈၀၀မှ ၃၂၀၀)အတွင်း၊ မန်ကျည်းသီးမှည့်(၁)ပိဿာ လျှင် ကျပ်(၄၅၀၀)၊ (CP)ကြက်သား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဗမာကြက်သား(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀မှ ၂၄၀၀၀)အတွင်း၊ ငါးမြစ်ချင်း(အလတ်)(၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၂၀မှ ၂၅၀)အတွင်းနှင့် ဘဲဥ(၁)လုံးလျှင် ကျပ်(၂၈၀မှ ၃၂၀) အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)