Main menu

ရွှေတောင်ဒေသထွက် ကျောက်ဖရုံသီး

Powered by Drupal

     ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးစိုက်ပျိုးသူ(၈)ဦးရှိပြီး ကျောက်ဖရုံသီးများကို စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ ကျောက်ဖရုံသီးစိုက်ပျိုးရာတွင် အဓိကကုန်ကျစရိတ်မှာ ဖရုံစင်ဖြစ်ပြီး ဖရုံစင်ဆောက်လုပ်ကုန်ကျစရိတ်မှာ (၁)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့ဖိုးနှင့် သွင်းအားစုများပေါင်းလျှင် ကျောက်ဖရုံစင်တစ်စင်လျှင် (၁၆၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး ၎င်းစင်မှာ (၃)နှစ်အသုံးပြုရကြောင်း၊ ကျောက်ဖရုံသီးပေါ်ချိန်တွင် တစ်လလျှင် (၄)ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ်လျှင် အနည်းဆုံး အလုံး(၅၀)ခန့်ခူးဆွတ်ရသည်ဟု သိရပါသည်။ ကျောက်ဖရုံသီးခူးဆွတ်ရာတွင် (၃)လခူးဆွတ်ရပြီး ကျောက်ဖရုံစင်တစ်စင်လျှင် အလုံးပေါင်း(၆၀၀)ခန့်ရရှိကြောင်း၊ ရောင်းချသောဈေးမှာ တစ်လုံးလျှင် အနည်းဆုံး (၆၀၀)ကျပ်ဖြင့်ရောင်းချရသဖြင့် စုစုပေါင်းဝင်ငွေမှာ (၃၆၀၀၀၀)ကျပ်ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျောက်ဖရုံစင်တစ်စင်လျှင် ပထမအကြိမ်၌ အသားတင်အမြတ်မှာ (၂)သိန်းကျပ်ခန့်ရရှိကြောင်း၊ နောက်တစ်ကြိမ်ခူးဆွတ်လျှင် စင်ဖိုးမပါဘဲ အသားတင်အကျိုးအမြတ်ရရှိပါကြောင်းနှင့် ကျောက်ဖရုံပင်စိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်မများဘဲ အမြတ်များရရှိပြီး ကျောက်ဖရုံစင်မှာလည်း (၃)နှစ်ခန့်အသုံးပြုခွင့်ရရှိသဖြင့် တွက်ချေကိုက်သောသီးနှံဖြစ်သည့်အတွက် ပိုမိုတိုးချဲ့၍ စိုက်ပျိုးသင့်ကြောင်း ဒေသခံကျောက်ဖရုံသီးစိုက်ပျိုးသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)