Main menu

ရွှေတောင်ဒေသထွက် ရွှေဖလားကြက်သွန်နီ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ကြက်သွန်နီများကိုစိုက်ပျိုးထားပါသည်။  စိုက်ပျိူးသောမျိူးမှာ (ရွှေဖလား)မျိူးကို စိုက်ပျိူးထားကြောင်းသိရပြီး စိုက်ပျိုးဧကမှာ (၁.၅၀)ဧကခန့်စိုက်ပျိူးထားကြောင်း သိရပါသည်။ ကြက်သွန်နီစိုက်ပျိူးရာတွင် အစေ့ကိုကြဲပက်၍  ပျိုးပင်ပေါက်ပြီး ဥထွက်လာလျှင် အမြီးကိုဖြတ်ကာ တစ်ပင်နှင့်တစ်ပင် လက်နှစ်လုံးခြားကာ စိုက်ပျိုးကြောင်း သိရပါသည်။ ကြက်သွန်နီကိုမြောင်းပေါင်ပြုလုပ်၍စိုက်ပျိူးရာ မြောင်းတစ်မြောင်းလျှင် အတောင်(၆၀)ခန့်ရှည်ပြီး လက်(၅)လုံးခြားအကွာအဝေးရှိ မြောင်းတစ်မြောင်းလျှင် အပင်(၁၅)ပင်ခန့်စိုက်ပျိုးကြောင်း သိရပါသည်။ ကြက်သွန်နီကို အစိုဓာတ်ရှိသောမြေမျိုးတွင်စိုက်ပျိုးပြီး အပူအအေးသင့်တင့်သောရာသီဥတုကို ကြိုက်နှစ်သက်သည်ဟု သိရပါသည်။ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်ပျိုးထောင်ပြီး တပေါင်းလနှင့် တန်ခူးလကွယ်တွင် နုတ်သိမ်းပါသည်။ ကြက်သွန်နီတစ်ဧကခွဲ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၂၅၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး ကြက်သွန်နီထွက်ပေါ်မည့်အချိန်တွင် ပိဿာချိန်(၅၀၀)ခန့်ထွက်ရှိမည်ဟု ခန့်မှန်းသိရှိရပါသည်။

   ထို့ကြောင့် တောင်သူများအနေဖြင့် ကြက်သွန်နီအသစ်များပေါ်ချိန်တွင် ဈေး၌ တစ်ပိဿာ(၁၀၀၀)ကျပ်ဈေးဖြစ်လျှင် အကျိုးအမြတ်မှာ တစ်ဧကလျှင်(၂၅၀၀၀၀)ကျပ်ခန့်ရရှိမည်ဟု သိရပါသည်။ ရွှေတောင်မြို့နယ်မှထွက်ရှိလာသော ကြက်သွန်နီများကို မြို့တွင်းရှိ ပွဲစားများသို့ လက်လီ/ လက်ကားရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)