Main menu

ရွှေတောင်ဒေသထွက် ရုံးပတီသီးဈေးကောင်းရ

Powered by Drupal

    ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာတွင် ရုံးပတီသီးများကိုစိုက်ပျိုးထားရှိပြီး ရုံးပတီသီးမျိုးမှာ ကျောက်စိမ်းမျိုးဖြစ်၍ စိုက်ပျိုးသည့်ဧကမှာ (၀.၂၅)ဧကစိုက်ပျိုးကြောင်း၊ ရုံးပတီသီးကို နတ်တော်လတွင်စတင်စိုက်ပျိုးပြီး တပေါင်းလတွင် အသီးများစတင်ခူးဆွတ်ရပါကြောင်း၊ ရုံးပတီပင်ကိုစိုက်ပျိုးရာတွင် သင့်တင့်သောမြေတွင် ဖြစ်ထွန်း၍ စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက မြေဩဇာများကျွေးပေးရန်လိုအပ်ပါကြောင်း၊ ရုံးပတီပင်သည် ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်၍ အေးသောရာသီဥတုကိုကြိုက်နှစ်သက်မှုမရှိပါကြောင်း၊ ရုံးပတီပင်စိုက်ပျိုးရာတွင် မြောင်းအရှည်အတောင်(၈၀)ခန့်ရှိပြီး တစ်မြောင်းနှင့်တစ်မြောင်းလျှင် (၂)တောင်ခြား၍စိုက်ပျိုးပြီး မြောင်းတစ်မြောင်းတွင် အပင်(၁၀၀)ခန့်စိုက်ပျိုးနိုင်ပါသည်။ ရုံးပတီသီးကို ပန်းပွင့်ပြီး တစ်ပတ်ခန့်အကြာတွင် ဆွတ်ခူးရပြီး တစ်ရက်ခြားတစ်ခါခူးဆွတ်ပေးရပါကြောင်း၊ ရာသီဥတုပူပြင်းလျှင် အရင့်မြန်သောကြောင့် နေ့စဉ်ခူးဆွတ်ပေးရသည်ဟု သိရှိရပါသည်။ တစ်ခါခူးဆွတ်လျှင် အသီးတောင့်(၃၀၀၀)ခန့်ရရှိပါကြောင်း၊ စိုက်ပျိုးသောမျိုးနည်းစနစ်နှင့် ပြုစုမှုပေါ်မူတည်၍ တစ်ဧကလျှင် ရုံးပတီသီးပိဿာပေါင်း (၁၀၀၀)ခန့်ထွက်ရှိနိုင်ပါကြောင်း၊ ရုံးပတီသီး (၀.၂၅) ဧကအတွက် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၁၇၅၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)