Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Feb 2023

      မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိရာ ပြည်ပပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေးအတွက် MSMEs လုပ်ငန်းများကိုလည်း အားပေးကူညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။

21 Feb 2023

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆီထွက်သီးနှံဖြစ်သောနေကြာကို စိုက်ဧကပေါင်း (၃၇၀၁)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

21 Feb 2023

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စက်တိုင်ကုန်းရပ်ကွက်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်အရ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ၁-၂-၂၀၂၃ ရက်နေ့တွင် ဆန်များရောင်းချပေးခဲ့ပါသည်။

21 Feb 2023

         ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက်ဆောင်းသီးနှံဖြစ်သော ပဲချဉ်ပေါင်ကို မိုးစပါးများရိတ်သိမ်းခါနီးချိန်၌ လယ်မြေများတွင် စတင်စိုက်ပျိုးကြပါသည်။စိုက်ပျိုးရာတွင် ပက်ကြဲစနစ်ဖြင့်စိုက်ပျိုးကြပြီး မျိုးအနေဖြင့်တစ်ဧကလျှင် (၁)တင်းခန့်ကုန်ကျကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၄၀၀၀၀/-)ကျပ်စျေးနှုန်းပေးရကြောင်း၊ ဖော်ဖော်ဝါရီလနှင့်မတ်လများတွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ပဲချဉ်ပေါင်စေ့(၈)တင်းခန့်ထွက်ရ

21 Feb 2023

         ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာမှ ဝန်ထမ်းများသည်ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်နှင့်အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျောက်ဆည်မြို့နယ်၊လက်ပန်ပင်ကျေးရွာရှိသက်ကယ် လုပ်ငန်းအားသွားရောက်ပြီးကုန်ကြမ်းရရှိမှု၊ ကုန်ချောဖြန့်ဖြူးမှုနှင့်လုပ်ငန်းလည်ပတ်မှု အခြေအနေများအားကွင်းဆင်းလေ့လာခဲ့ပါသည်။လက်ပန်ပင်ကျေးရွာတွင် ယခင်က လယ်ယာစိုက်ပျိုးရေးအပြင် သက်ကယ်လုပ်ငန်းအား တစ်နိုင်တစ်ပိုင်ဖြင့်အိမ်တိုင်းယက်လုပ်လ

Pages