Main menu

“မိသားစုအပိုဝင်ငွေရရှိမည့် ပဲချဉ်ပေါင်” 

Powered by Drupal

         ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက်ဆောင်းသီးနှံဖြစ်သော ပဲချဉ်ပေါင်ကို မိုးစပါးများရိတ်သိမ်းခါနီးချိန်၌ လယ်မြေများတွင် စတင်စိုက်ပျိုးကြပါသည်။စိုက်ပျိုးရာတွင် ပက်ကြဲစနစ်ဖြင့်စိုက်ပျိုးကြပြီး မျိုးအနေဖြင့်တစ်ဧကလျှင် (၁)တင်းခန့်ကုန်ကျကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၄၀၀၀၀/-)ကျပ်စျေးနှုန်းပေးရကြောင်း၊ ဖော်ဖော်ဝါရီလနှင့်မတ်လများတွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ပဲချဉ်ပေါင်စေ့(၈)တင်းခန့်ထွက်ရှိပါကြောင်း၊ ပဲချဉ်ပေါင်စိုက်တောင်သူများသည် မရိတ်သိမ်းမီ ပဲချဉ်ပေါင်ရွက်များကို မိသားစုအပိုဝင်ငွေရရှိရေးအတွက် ခူးဆွတ်၍ရောင်းချကြပြီး ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော ပဲချဉ်ပေါင်ရွက်များကိုစျေးများတွင်လည်း ရောင်းချလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ပဲချဉ်ပေါင်ရွက်ကို သုပ်စား၍သော်လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း စားသုံးကြပါကြောင်း၊ စျေးကွက်အတွင်း၌ပဲချဉ်ပေါင်ရွက်တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချရကြောင်း၊ ယခုလက်ရှိပေါက်စျေးအနေဖြင့် ပဲချဉ်ပေါင်စေ့တစ်တင်းလျှင် (၅၀၀၀၀/-)ကျပ်စျေးနှုန်းများရှိပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း၊ ချွေလှေ့၊ အလုပ်သမားခအပါအဝင် စုစုပေါင်း း(၁၀၀၀၀၀/-)ကျပ်ဝန်းကျင်ကုန်ကျကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ရရှိသောကြောင့် ပဲချဉ်ပေါင်သီးနှံကို ပိုမိုစိုက်ပျိုးကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(မန္တလေး)