Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Feb 2023

        စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန် ခရိုင်များတွင် ဈေးအေးနေကြောင်း သိရပါသည်။

17 Feb 2023

      ပြည်ဈေးကွက်တွင် မင်းတုန်းကြက်သွန်များမှာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မင်းတုန်းကြက်သွန်များကို မြေနုကျွန်းများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မင်းတုန်းကြက်သွန်ဥများသည် အချိုလေးသောကြောင့် တို့စားခြင်း၊ မြှုပ်စားခြင်းနှင့် သုပ်စားခြင်းတို့တွင် အကောင်းဆုံးရာသီစာဖြစ်သည်။ မင်းတုန်းကြက်သွန်မှာ အရမ်းချိုပြီး အနံ့မမွှန်သောကြောင့် ထမင်းစားတိုင်း တို့စားလျှင် ထမင်းမြိန်စေပြီး ပြည်ဈေးကွက်တွင် အထုံးလေးများစည်းပြီး ရောင်းချကြပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချနေသော မင်းတုန်းကြက်သွန်များ

17 Feb 2023

       ခွေးတောက်ရွက်ပင်သည်  နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည် ။ စိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ခူးယူစားသုံးနိုင်ပြီး နှစ်ရှည်ဆယ်စုနှစ်တစ်စုထိခူးယူနိုင်သော အပင်အမျိုးအစားလည်းဖြစ်ပါသည်။ နှစ်ရင့်ခွေးတောက်ပင်များမှာ တစ်နှစ်တစ်ကြိမ်ဖူးပွင့်ကာ နွေရာသီတွင် အသီးသီးလေ့ရှိပြီး အသီးများရင့်ပြီးချိန်၌ ကွဲအက်၍ အတွင်းမှအလွန်သေးငယ်သောအစေ့များမှာ အစေ့အညှာတိုင်မှ ဂွမ်းနှင့် အတူလေထဲပါသွားလေ့ရှိကာ ဂွမ်းကျရာနေရာများ၌ အစေ့ငယ်ကျပြီး အပင်ပေါက်၍ မျိုးပွားလေ့ရှိပါသည်။

17 Feb 2023

      မလွှပွင့်သည်ဆေးဘက်ဝင်သော ဒေသထွက်ကျေးလက်စားသောက်စရာဖြစ်သော အစားအစာတစ်မျိုးဖြစ်ပါသည်။ မလွှပွင့်ကိုပြုတ်၍ အတို့အမြုပ်အဖြစ် ငါးပိရည်နှင့်တွဲဖက်ပြီး စားသုံးနိုင်သကဲ့သို့ ရေနွေးဖျောထားသော မလွှပွင့်ကိုပါးပါးလှီးကာ ကြက်သွန်ဖြူ/နီ၊ ပုစွန်ခြောက်များနှင့်သုပ်၍လည်း စားသုံးနိုင်ပါသည်။ ကြက်သွန်နီ/စိမ်း၊ ပဲကြော်တို့နှင့် မိုးကြာလက်ဖက်သုပ်အဖြစ် သုပ်စားနိုင်သည့်အပြင် မလွှပွင့်ခြောက်ဖက်များကို ရေနွေးတွင်ခတ်၍ မလွှပွင့်ခြောက်ကို ရေနွေးကြမ်း အဖြစ်လည်း သောက်သုံးနိုင်ပါသည်။

17 Feb 2023

     ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ ပထမပတ်တွင် ရောင်းဝယ်လျက်ရှိသောပဲမျိုးစုံ၏ ယခင်နှစ်နှင့် ယခုနှစ်ကာလတူဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် အောက်ပါအတိုင်းတွေ့ရှိရပါသည်။

မတ်ပဲ

Pages