ကုန်သွယ်မှုသတင်းများ
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၄၅၀၀ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည်လျှင် ၂၆၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အာလူး တစ်ပိဿာလျ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.10_0.jpg?itok=1xlKS0ao)
တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ တောင်သူလယ်သမားကြီးများသည် မိုးစပါးပြီးလျှင် ဆောင်း သီးနှံအဖြစ် မတ်ပဲနှင့် ပဲတီစိမ်းကို စိုက်ပျိုးကြပါသည်။
ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ယခုနှစ်ဆောင်းရာသီတွင် ဖြူး မြို့နယ်၌ မတ်ပဲ ၉၈၂၁၉ ဧကနှင့် ပဲတီစိမ်း ၁၃၅၂၇ ဧက စိုက် ပျိုးထားကြောင်း၊ ဇန်နဝါရီလကုန်အထိ မတ်ပဲ ၂၅၁၈၁ ဧကနှင့် ပဲတီစိမ်း ၈၁၅၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၅၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၈၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၉၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၄၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ် ဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ ဒေါ်စိန် ဝက်အူ ချောင်းလုပ်ငန်းသည် အောင်မြင်လျက်ရှိသည့် အသေးစားအိမ်တွင်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ် ပါသည်။ ဝက်အူချောင်းအတွက် လိုအပ်သော ပစ္စည်းများမှာ ဆိတ်အူ၊ ဝက်သား၊ အချိုမှုန့်၊ သကြား၊ ဆားနှင့် ယမ်းစိမ်းတို့ဖြစ်ပါသည်။ ဆိတ်အူကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရပြီး ဝက်သားနှင့် အခြားပါဝင်ပစ္စည်းများကို ရေတာရှည်မြို့မှ ဝယ်ယူပါသည်။
ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာတွင် နေထိုင်သူအများစုမှာ မိရိုးဖလာ လယ်ယာ လုပ်ငန်းကို လုပ်ကိုင်ကြသည့် တောင်သူလယ်သမားများဖြစ်ကြပြီး လယ်ယာလုပ်ငန်းအပြင် မိသားစု အပိုဝင်ငွေရရှိစေရန် လယ်ယာလုပ်ငန်းမှ အားလပ်ချိန်များတွင် ဝါးခမောက်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ ညောင်ကားယားကျေးရွာမှ အိမ်ထောင်စု ၁၅ စုသည် လယ်ယာလုပ်ငန်း အတွက် မအားလပ်သည့် မိုးရာသီမှအပ ကျန်ရာသီများတွင် ယင်းလုပ်ငန်းအား လုပ်ကိုင်ကြပါသည်။