Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Feb 2023

      ဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသော ပိတ်စွယ်သည်လည်း လူကြိုက်များသောဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ပိတ်စွယ်ကိုလွိုင်ကော်မြို့ ဘုရားဖြူကျေးရွာနှင့် ဘုရားနီကျေးရွာတို့မှ ထွက်ရှိပြီး ရှမ်းပြည်နယ်အင်းလေးဒေသဘက်မှလည်း မှာယူရောင်းချလျက်ရှိပါသည်။                           

13 Feb 2023

    နေ့စဉ် ဟင်းလျာထဲတွင်မပါမဖြစ်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်နှင့် လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုး လျက်ရှိပါသည်။

13 Feb 2023

        မိတ္ထီလာခရိုင်အတွင်း ဆောင်းကြက်သွန်နီအသစ်များ ရိတ်သိမ်းမှုမရှိသေးသော်လည်း မိုးကြက်သွန်နီများ နယ်ဝေးတင်ပို့မှုနည်းသဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ မိုးကြက်သွန်နီကို    ဒီဇင်ဘာ၊ ဇန်နဝါရီလများက စတင်ရိတ်သိမ်းခဲ့ပြီး ဆောင်းကြက်သွန်နီမှာ ဧပြီလတွင် ရိတ်သိမ်းမည်ဖြစ်ပါသည်။ မိတ္ထီလာဈေးကွက်မှာ ရန်ကုန်၊ ပဲခူးသို့အများဆုံးတင်ပို့ရာ ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း ပဲခူးသို့ တစ်ရက်လျှင် (၆)ဘီးကား ကုန်ချိန် (၆၀၀၀)ဆံ့ ကား(၁)စီး တင်ပို့နိုင်သော်လည်း ရန်ကုန်သို့ တစ်ရက်လျှင် (၁၂)ဘ

13 Feb 2023

      မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် အိမ်ခြံဝန်းအတွင်း အလေ့ကျပေါက်သော မန်ကျည်းပင်မှ ဝင်ငွေရလျက်ရှိပါသည်။ ယခုနှစ်တွင် အသီးနှုန်းကောင်း၍ အထွက်နှုန်းကောင်းကြောင်း သိရပါသည်။ မန်ကျည်းသီးမှည့်သည် ဟင်းလျာများချက်ပြုတ်ရာတွင်လည်း အသုံးပြုကြသည့်အပြင် မြန်မာတိုင်းရင်းဆေးဖော်စပ်ရာတွင်လည်း အသုံးဝင်သောဒေသထွက်ကုန်တစ်မျိုးဖြစ်ပါသည်။ မန်ကျည်းသီးမှည့်ကို ဇန်နဝါရီလဆန်းပိုင်းတွင် စတင်ခူးဆွတ်ရာ လုပ်ငန်းရှင်များက အပင်ပြတ် ဝယ်ယူ၍လည်းကောင်း၊ အပင်ရှင်ကိုယ်တိုင်မှ လည်းကောင်းခူးဆွတ်၍ မိတ္ထီလာမြို့ပေါ်ပွဲရုံများတွင

13 Feb 2023

      ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသောကြက်သွန်နီအလုံးကြီးတစ်ပိဿာဈေးနှုန်းမှာ ( ၃၅၀၀ )ကျပ်၊ အလုံးလတ်တစ်ပိဿာဈေးနှုန်းမှာ (၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခင် ဇန်နဝါရီလဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သောကြက်သွန်နီဈေးနှုန်းမှာ အလုံးကြီးတစ်ပိဿာလျှင်(၃၈၀၀)ကျပ်နှင့် အလုံးလတ်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရာ  ယခုဖေဖော်ဝါရီလဒုတိယပတ်နှင့် ယခင်ဇန်နဝါရီလဒုတိယပတ်နှိုင်းယှဉ်လျှင် ကြက်သွန်နီအလုံးကြီးတစ်ပိဿာလျှင် (၃၀၀)ကျပ်နှင့် အလုံးလတ်တစ်ပိဿာလျှင် (၅

Pages