Main menu

 ဈေးကွက်အတွင်းမန်ကျည်းမှည့် ဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

      မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် အိမ်ခြံဝန်းအတွင်း အလေ့ကျပေါက်သော မန်ကျည်းပင်မှ ဝင်ငွေရလျက်ရှိပါသည်။ ယခုနှစ်တွင် အသီးနှုန်းကောင်း၍ အထွက်နှုန်းကောင်းကြောင်း သိရပါသည်။ မန်ကျည်းသီးမှည့်သည် ဟင်းလျာများချက်ပြုတ်ရာတွင်လည်း အသုံးပြုကြသည့်အပြင် မြန်မာတိုင်းရင်းဆေးဖော်စပ်ရာတွင်လည်း အသုံးဝင်သောဒေသထွက်ကုန်တစ်မျိုးဖြစ်ပါသည်။ မန်ကျည်းသီးမှည့်ကို ဇန်နဝါရီလဆန်းပိုင်းတွင် စတင်ခူးဆွတ်ရာ လုပ်ငန်းရှင်များက အပင်ပြတ် ဝယ်ယူ၍လည်းကောင်း၊ အပင်ရှင်ကိုယ်တိုင်မှ လည်းကောင်းခူးဆွတ်၍ မိတ္ထီလာမြို့ပေါ်ပွဲရုံများတွင် အများဆုံးတင်ပို့ရောင်းချကြပါသည်။ ယခင် မန်ကျည်းမှည့်အသစ်မပေါ်မီဈေးကွက်တွင် မန်ကျည်းမှည့် အသားတစ်ပိဿာလျှင် (၆၀၀၀)ကျပ်ရှိခဲ့သော်လည်း ယခု မန်ကျည်းသစ်ပေါ်ချိန်တွင် မန်ကျည်းမှည့်အသား တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဈေးနှုန်းနှင့် နှိုင်းယှဥ်လျှင် မန်ကျည်းမှည့်အသားတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်ကျဆင်းလျက်ရှိကြောင်း ဈေးနှုန်းကျဆင်းလာရခြင်းမှာ မန်ကျည်းမှည့်အသစ်ပေါ်ချိန်ဖြစ်၍ ဈေးကွက်တွင်   မန်ကျည်းမှည့်သစ်များ လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)