ကုန်သွယ်မှုသတင်းများ
လွိုင်ကော်မြို့ဈေးကွက်အတွင်းတွင် အခြေခံစားသောက်ကုန်များ အခြားဒေသမှ ဝင်ရောက်လျက်ရရှိပြီး အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက်ဥကို တောင်ကြီးဘက်မှ အများဆုံး ဝင်ရောက်လျက်ရှိပါသည်။ ယခုလက်ရှိ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးကြီး တစ်လုံးလျှင်(၂၃၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်နှင့် ရောင်းချလျက်ရှိပြီး ယခင်ဒီဇင်ဘာလ ဒုတိယပတ်တွင်လည်း ကြက်ဥအလုံးကြီးတစ်လုံး လျှင် (၂၃၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်သာရှိခဲ့ပြီး ယခင်ဒီဇင်ဘာလဒုတိယပတ
တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီး ဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိပါသည်။တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကွမ်းသီးအလုံး တစ်ပိဿာလျှင် (၄၄၀ဝိ/-) နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင်(၄၄၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပြီး ၊ ရန်ကုန်မြို့တွင် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင်(၄၇၀ဝိ/-)နှုန်းပေါက် စျေးရှိကြောင်းသိရှိရပါသည်။
မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရသိရသည်။
မတ်ပဲ