ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနလုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက်လည်း လုပ်ငန်းရှင်များနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး စက်မှုကုန်ကြမ်း သီးနှံများ ပိုမိုထွက်ရှိလာနိုင်ရေး သက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ပြည်ဈေးကွက် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် နှမ်းဈေးများကျဆင်းလာခဲ့ပါသည်။ နှမ်းဈေးများ ကျဆင်းလာရခြင်းမှာ နှမ်းဝင်ရောက်မှုမရှိသလို အရောင်းအဝယ်မှာလည်း အနည်းငယ် သာဖြစ်ကြောင်း သိရှိရပါသည်။ ပြည်ခရိုင်အနေဖြင့် နှမ်းနီမှာစိုက်ဧကနည်းပြီး အထွက်နည်းသဖြင့် ဆီစက်လုပ်ငန်းရှင်များက ဆီကြိတ်ရန် သိုလှောင်ထားကြသဖြင့် ဈေးကွက်တွင် နှမ်းနီလက်ကျန် ရှားလာပါသည်။ အချို့ဆီစက်သမားများက နှမ်းနက်ကို ဆီကြိတ်ရန် ဝယ်ယူမှုရှိသဖြင့် ပြည်မြို့ အနီးတဝိုက်ကျေးရွာများတွင် နှမ်းနက်ကိုသာ စိုက်ပျိုးကြသဖြင့် ဝယ်ယူစာ
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့နယ်တွင် ပွင့်လင်းရာသီဖြစ်သည့်အတွက် အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိသော ဒိန်ချဉ်လုပ်ငန်းမှာ အရောင်းအဝယ်ကောင်းမွန်လျက်ရှိပါသည် ။
ယခုတစ်ပတ် ညောင်လေးပင်မြို့နယ်အတွင်း ဆင်းသုခ စပါးသစ်ဈေးနှုန်းများအနေဖြင့် (၄၆) ပေါင် တင်း၁၀၀လျှင် ၁၁၂၀၀၀ဝိ-/ ကျပ်ခန့် ဖြစ်ပြီး ၊ ဆင်းသုခ ဆန်ဟောင်းတစ်အိတ် ထိပ်စလျှင် ၅၀၀၀ဝိ-/ ကျပ် ၊ ဆင်းသုခ ဆန်သစ်တစ်အိတ်လျှင်၄၃၀၀ဝိ-/ ကျပ် ၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၃၈၅၀ဝိ-/ ကျပ် ၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၃၇၅၀ဝိ-/ ကျပ် ၊ ဖွဲနုတစ်အိတ်လျှင် ၁၉၀၀ဝိ-/ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးသည် ဒေသထုတ်ကုန်များ ပေါများသည့် တိုင်းတစ်တိုင်းဖြစ်သည်နှင့်အညီ ဈေးကွက်ရောင်းဝယ်ဖောက်ကားမှုအရလည်း လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သော တိုင်းတစ်တိုင်း ဖြစ်ပါသည် ။ ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ်တွင် သဘာဝသစ်သီးကို အခြေခံကာ ဒေသထုတ်ကုန်တစ်ခုအဖြစ် ရှောက်ပြားရည်ကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည် ။