ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးရန်အတွက် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့ တဂဏန်းကျေးရွာရှိ အောင်ဆုမွန်စက်သုံးဆီ အရောင်းဆိုင်မှ တာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/sag11.jpg?itok=K6mdTb_g)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/နှမ်းနက်_0.jpg?itok=tlBDK5-M)
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်ရှိ တိုင်းပြည်လူမျိုးတိုင်းကပင် အံ့ဩဘနန်းချီးမွမ်းခြင်းခံ ရသော လွန်းရာကျော် ကြိုးကြီးချိတ်ခေါ် ကြိုးချိတ်အထည်သည် မြန်မာနိုင်ငံတွင် စတင်ပေါ်ပေါက် လာပုံ သမိုင်းကြောင်းကို အကျဉ်းမျှ တင်ပြလိုပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/sag10.jpg?itok=zNri9cUJ)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုး၏အရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည် ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/26_2.jpg?itok=5tZviTGA)
ပခုက္ကူမြေပဲဈေးကွက်တွင် ဒီဇင်ဘာ(တတိယ)ပတ်အတွင်း မြေပဲဈေးများ ဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်တွင် (၃)လ မြေပဲတောင့်(အခြောက်) များ ယောနယ်ဒေသမှ အများဆုံးဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်းသို့ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၅၀၀၀၀)ခန့်၊ အိတ်(၂၀၀၀)ခန့်ဝင်ရောက်လျက်ရှိကြောင်း၊ မြေပဲတောင့် (အခြောက်) တစ်ပိဿာ ကျပ်(၂၉၅၀/ ၃၀၀၀)ဈေးဖြင့် ပေါက်ဈေးရှိပြီး၊ မြေပဲဆံမှာ မြေပဲ(အဆံ) ဝင်ရောက်မှု နည်းပြီး မြို့ပေါ်ရှိလုပ်ငန်းရှင်များမှ မြေပဲတောင့်များကို ကြိတ်ခွဲပြီး အ