Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Jan 2023

           စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(ဟောင်း)(တစ်အိတ်)လျှင် ၈၈၀၀၀ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း(သစ်)(တစ်အိတ်)လျှင် ၅၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(ဟောင်း)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၄၃၀၀၀ ကျပ်၊ ငစိန်ဆန်(ဟောင်း) (တစ်အိတ်)လျှင် ၄၀၀၀၀ ကျပ်၊ ငစိန်ဆန်(သစ်) (တစ်အိတ်)လျှင် ၃၅၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၉၄၅၀-၉၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၉၅၀၀ ကျပ်၊ နေကြာဆီ (တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ)

03 Jan 2023

           မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း သတင်းများအရ သိရသည်။

မတ်ပဲ

02 Jan 2023

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အ

02 Jan 2023

      စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေးခရိုင်နှင့် ကသာခရိုင်တို့တွင် စပါး/ဆန်ဈေးနှုန်းများမှာ ဈေးအေးနေပြီး၊ ရွှေဘိုခရိုင်တွင် စပါး/ဆန်ဈေးနှုန်းမှာ အနည်းငယ်ကျနေသော်လည်း မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင်  ဧရာမင်းစပါး/ဆန်ဈေနှုန်တို့မှား အနည်းငယ်တက်နေကြောင်း သိရပါသည်။

02 Jan 2023

       ကသာမြို့နယ် ဒေသတွင်းခရမ်းချဉ်သီးများမှာ အောက်တိုဘာလနှင့် နိုဝင်ဘာလ ဧရာဝတီမြစ်ရေကျချိန်၌  မြေနုကျွန်းများတွင် စတင်စိုက်ပျိုးပြီး  ဒီဇင်ဘာလ လဆန်းပိုင်းတွင် စတင်ထွက်ရှိသည့်အတွက် ယခုအခါ မြို့နယ်တွင်းသို့ အခြားဒေသမှ ခရမ်းချဉ်သီးဝင်ရောက်မှုများ နည်းပါးလာပြီး ပြည်သူများအနေဖြင့် ဒေသတွင်းမှထွက်ရှိသော ခရမ်းချဉ်သီးများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရပါသည်။

Pages