ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ် ၊ သံတံတားရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းလုပ်ငန်းဖြစ်သော ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်သော လုပ်ငန်းလုပ်ကိုင်ကြောင်း သိရှိရပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခုဒီဇင်ဘာလစတုတ္ထပတ်အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၄၁၀/-) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၉၀/-) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင်(၁၉၆၅/-) ကျပ်နှင့် ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၁၃၅/-) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၃၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၀) ကျပ်တို့ဖြင့်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး ဓါတ်ဆီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးစပါးများ (၂၄၂၆၂)ဧက စိုက်ပျိုးထားရှိပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ထိ (၁၀၀၆၈)ဧက ရိတ်သိမ်းပြီး (၆၆၂၉၆၆)တင်းထွက်ရှိ ကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့်(၆၅.၈၅)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။
မကွေးမြို့ပေါ်ရှိဈေးများသို့ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ ခရမ်းချဉ်သီး၊ ဂျင်းတက်၊ ကြက်သွန်ဖြူများကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှ ဝင်ရောက် လျက်ရှိပြီးသံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီးနှင့် ကြက်သွန်နီများကို မင်းဘူး(စကု)၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်းနှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ ပွဲရုံများထံမှ သိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တာဝန်ခံ ဦးဝေယံမြင့်အောင်(ဒု-ကြီးကြပ်ရေးမှူး)သည် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၂၃.၁၂.၂၀၂၂)ရက်နေ့ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် မင်းလှမြို့ပေါ် အမှတ်(၅/၈/၁၀)အုပ်စုရှိ စပျစ်ခြံ စိုက်ပျိုးသူ ဦးစိုးနိုင်ထံသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။