Main menu

မကွေးမြို့ပေါ်ရှိဈေးများ၌ရောင်းချလျက်ရှိသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

         မကွေးမြို့ပေါ်ရှိဈေးများသို့ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ ခရမ်းချဉ်သီး၊ ဂျင်းတက်၊ ကြက်သွန်ဖြူများကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှ ဝင်ရောက် လျက်ရှိပြီးသံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီးနှင့် ကြက်သွန်နီများကို မင်းဘူး(စကု)၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်းနှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ ပွဲရုံများထံမှ သိရပါသည်။

      ဒီဇင်ဘာလ(စတုတ္ထ)ပတ်တွင် မကွေးမြို့ပေါ်ဈေးများ၌ မုန်လာဥနီ(၁)ပိဿာလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)အတွင်း၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၀၀၀)၊ မုန်ညှင်း(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၄၀၀)၊ ဂျင်းတက် (၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ သံပုရာသီး(၁)လုံးလျှင် ကျပ်(၂၀၀)၊ သံပုယိုသီး(၁)လုံးလျှင် ကျပ် (၁၀၀)၊ ရှောက်သီး (၁)လုံးလျှင် ကျပ်(၃၀၀)၊ ကြက်သွန်နီ(အသစ်) (၁)ပိဿာလျှင် (အကြီး)ကျပ်(၄၀၀၀)၊ ကြက်သွန်နီ(အလတ်) (၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကြက်သွန်နီ (အသေး) (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၄၅၀၀ မှ ၅၀၀၀)အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

        ထို့အပြင်မကွေးမြို့သို့ ကုန်စိမ်းများထွက်ရှိရာ ပြင်ဦးလွင်နှင့် အောင်ပန်းမြို့တို့မှ မကွေးမြို့ရှိ ကုန်တင်ကားကြီးဝန်းသို့ (၁)ပတ်လျှင် (၁၂)ဘီးကားဖြင့် (၄)ကြိမ်ခန့်ဝင်ရောက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(မကွေး)