Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
30 Dec 2022

          ကသာခရိုင်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းနှမ်းစိုက်ဧက (၄၅၄၄၂)ဧကရှိပါသည်။ ဆောင်းသီးနှံ နှမ်းကို နှစ်စဉ် ဇူလိုင်လနှင့် ဩဂုတ်လများတွင် စိုက်ပျိုးကြပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ရိတ်သိမ်းကြသည်။ အဓိက စိုက်ပျိုးသော နှမ်းမျိုးမှာ နှမ်းနက်(စမုံ)အမျိုးအစားဖြစ်သည်။

30 Dec 2022

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ သာစည်ကျေးရွာ တွင် ထန်းပင်မြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း၊ တောင်သူ များသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီးအပိုဝင်ငွေရရှိစေရန် ထန်းပင်မြစ် စိုက်ပျိုးခြင်းကို လည်း တစ်ဖက်တစ်လမ်းမှလုပ်ကိုင်ကြကြောင်း သိရှိရပါသည်။

30 Dec 2022

           မင်းဘူးမြို့မဈေးတွင် ဒီဇင်ဘာလ ဒုတိယပတ်တွင်အတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ (သစ်)ဈေးနှုန်းမှာ (1)ပိဿာလျှင် ကျပ်(3800မှ4000)ဖြစ်ပြီး တတိယပတ်တွင် ကြက်သွန်နီ (သစ်)ဈေးနှုန်း ကျပ်(3600မှ3800)ဖြစ်၍ ဈေးအနည်းငယ်ကျလာကြောင်း၊ ကြက်သွန်နီ အသစ် များကို မဲဇလီ(ပွင့်ဖြူ)၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပင်းချောင်း (ရေနံချောင်း) မြို့နယ်များမှ ဝယ်ယူ ရောင်းချကြောင်းနှင့်          စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူ(ကြူကုတ်) ၁ပိဿာလျှင် ကျပ်(3800)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင်ကျပ်(3500)၊

30 Dec 2022

          မင်းဘူးမြို့မဈေး၌ ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းများမှာ ဒီဇင်ဘာလ တတိယပတ် တွင် ငါးတံခွန်ခြောက်(1)ပိဿာလျှင် ကျပ်(9000 မှ 12000) ၊ ငါးသေတ္တာခြောက် (၁)ပိဿာလျှင် ကျပ်(10000 မှ 11000)၊ အာဗြဲခြောက် အကြီး၊ အလတ်၊ အသေး (၁)ပိဿာလျှင် ကျပ် (29000/ 27000/22000) ဖြစ်ကြောင်း၊ ငါးနီတူး(1)ပိဿာလျှင် ကျပ်(10000 မှ 12000)၊ ပုဇွန်ခြောက် (1) ပိဿာလျှင် ကျပ်(35000 မှ 60000)ထိ ရှိကြောင်း၊ ပုဇွန်ခြောက်သည် ဆားအပေါ့အငန်ပေါ် မူတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

30 Dec 2022

              တောင်ငူမြို့တွင် ဆောင်းရာသီတွင် ပေါ်လေ့ရှိသော ဆီးသီးမှာ အချိုအစိမ်းအဝိုင်းသီး တစ်ပြည်လျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ၊ အချိုဆီးတော်သီး တစ်ပြည်လျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ တောဆီးသီး(ဆီးပဲလှော်) တစ်ပြည်လျှင် ၈၀၀ ကျပ်မှ ၉၀၀ ကျပ်အထိ ရှိပါသည်။

Pages