Main menu

မင်းဘူးမြို့ပေါ်၌ ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

Powered by Drupal

          မင်းဘူးမြို့မဈေး၌ ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းများမှာ ဒီဇင်ဘာလ တတိယပတ် တွင် ငါးတံခွန်ခြောက်(1)ပိဿာလျှင် ကျပ်(9000 မှ 12000) ၊ ငါးသေတ္တာခြောက် (၁)ပိဿာလျှင် ကျပ်(10000 မှ 11000)၊ အာဗြဲခြောက် အကြီး၊ အလတ်၊ အသေး (၁)ပိဿာလျှင် ကျပ် (29000/ 27000/22000) ဖြစ်ကြောင်း၊ ငါးနီတူး(1)ပိဿာလျှင် ကျပ်(10000 မှ 12000)၊ ပုဇွန်ခြောက် (1) ပိဿာလျှင် ကျပ်(35000 မှ 60000)ထိ ရှိကြောင်း၊ ပုဇွန်ခြောက်သည် ဆားအပေါ့အငန်ပေါ် မူတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

           ပုဇွန်ခြောက်များကို ရခိုင်ပြည်မှ လည်းကောင်း၊ ငါးခြောက်များကို ရန်ကုန် (ဘုရင့်နောင်ပွဲရုံ) နှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ငါးခြောက်ဈေးမှာ ယခင်နှစ်က ထက် (၁)ပိဿာ ကျပ်(၈၀၀၀ မှ ၁၅၀၀၀)ထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)