ကုန်သွယ်မှုသတင်းများ
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်၏ ကာလတူဈေးထက် ယခုနှစ်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများမှာ ဈေးပိုကောင်းလျက်ရှိပြီး၊ စွန်တာနီ/ပြာနှင့် ထောပတ်ပဲများသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း သတင်းများအရသိရပါသည်။
မတ်ပဲ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/36_1.jpg?itok=g3f2nKlo)
ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော စတော်ဘယ်ရီသီးများ ယခုအချိန်ခါတွင် စတင်ပေါ်နေပြီဖြစ်ရာ ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ ရေနီကန်ကျေးရွာနှင့် လောဓမ္မရပ်ကွက်တို့တွင် စတော်ဘယ်ရီသီးများကို တနိုင်တပိုင်စိုက်ပျိုးလျက်ရှိပြီး တောင်ကြီးဘက်မှလည်း စတော်ဘယ်ရီသီးများ စတင်ဝင်ရောက် လျက်ရှိပါသည်။
ပုသိမ်မြို့နယ်ဆန်စပါးဈေးကွက်တောင်သူများ ယခင်နှစ်ထက် ဈေးကောင်းရလျက်ရှိပြီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း ဈေးကွက်သတင်းများမှ သိရသည်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်များထဲတွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၇၀.၀၀၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း(၃.၀၀၀)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ကျပ်သန်း(၇၃.၀၀၀)သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ (၉)လတာကာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၇.၈၅၀)သန်း၊ သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၄.၁၉၁)သ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/35_1.jpg?itok=7V-FxPX_)
၂၀၂၃ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ဧည့်မထဆန်တစ်ပြည်လျှင် ၂၉၅၀ ကျပ်၊ ငစိန်ဆန် တစ်ပြည်လျှင် ၂၀၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၅၈၀၀ ကျပ်၊ ပဲဆီတစ် ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ( ရှမ်း ) တစ်ပိဿာလျှင် ၄၂၀၀ ကျပ်၊ ကြက်သွန်ဖြူ( ကြူကုတ် ) တစ်