ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် မိုးတွင်းကာလအတွင်း လယ်ကွင်းစပ်အနီးတစ်ဝိုက်နှင့် မြေလွတ်/မြေရိုင်းများတွင် သဘာဝအလျောက်ပေါက်ရောက်နေသော ဂျိုးစပေါက်ပင်များအား စပါးရိတ်သိမ်းချိန်ဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်ခုတ်ပြီး ရရှိလာသော ဂျိုးစပေါက်ပင်အနှံများကို နေလှန်း အခြောက်ခံ၍ ပြာလှေ့ကာ ရရှိလာသော အစေ့များအား သရက်မြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူလျက်ရှိပါသည်။
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၄.၁၂.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၀.၁၂.၂၀၂၂)ရက်နေ့တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)၊ နှမ်းနီနှင့် နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် တွင်လည်း ကျပ်(၂၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅) ပိဿာဝင် အိတ်ဖြင့် နှမ်းနက်(စမုံ)(၁၁၀၀)အိတ
ချင်းပြည်နယ်တွင် ဝဥစိုက်တောင်သူများသည် ၂၀၂၀ခုနှစ်အထိ ဝဥရောင်းချရာတွင် ဈေးကောင်းကောင်း ရရှိခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါ (Covid-19) ကြောင့် ၂၀၂၁ခုနှစ်တွင် ဝဥရောင်း ချရာတွင် ဈေးကောင်းကောင်းမရဘဲ အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း သိရသည်။ ၂၀၂၂ခုနှစ်တွင် အဓိက ဝဥဝယ်ယူသည့် တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ရောဂါ ကူးစက်မှု လျော့နည်းလာသဖြင့် နယ်စပ်ဂိတ်များကို (Covid-19)စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ပေးခဲ့ရာ ဝဥဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာသည်ကို မြင်တွေ့ရကြောင်း
ဝါသီးနှံစိုက်မှုအခြေအနေ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ချည်မျှင်ရှည်ဝါကို ပြည်ခရိုင်ရှိ မြို့နယ်(၄)မြို့နယ်တွင် စိုက်ပျိုးပြီး ပြည်မြို့နယ်တွင် ဧက(၃၁၂၂)၊ ပေါက်ခေါင်းမြို့နယ်တွင်(၃၇၈၉) ဧက ၊ ပန်းတောင်းမြို့နယ်တွင် (၅၀)ဧကနှင့်၊ ရွှေတောင်မြို့နယ်တွင် (၅၂)ဧက၊ စုစုပေါင်း (၇၀၁၃) ဧက စိုက်ပျိုးပြီး ဝါကြီးကို ပေါက်ခေါင်းတစ်မြို့နယ်တည်းသာ (၃၀၂၅)ဧက စိုက်ပျိုးကြောင်း သိရှိ ရပါသည်။
ဝါသီးနှံစိုက်ပျိုးထွက်ရှိမှု
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အင်းရွာအုပ်စု ၊ အင်းရွာကျေးရွာရှိ အုတ်များ ထုတ်လုပ်ရောင်းချနေသူ လုပ်ငန်းရှင်တစ်ဦး၏ ထုတ်လုပ်ရောင်းချနေမှုကို ၂၀.၁၂.၂၀၂၂ ရက်နေ့ ၊ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်လိုက်ပါ၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ၊ ကျေးရွာ ပရဟိတအဖွဲ့ဝင်များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ အုတ်လုပ်ငန်းအား သွားရောက်လေ့လာခဲ့ပါသည်။<