Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Dec 2022

       ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ NAYPYITAW WHOLESALE ၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူများ ဒေသထွက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် အချိန်ကုန်သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက်ရည်ရွယ်၍  MSME လုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်စီစဥ်ပေးသော မြန်မာနိုင်ငံအတွင်း အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်းများ၏ ပြည်တွင်းဒေသထွက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို သင့်တင့်မျှတသောဈေးနှုန်းများဖ

27 Dec 2022

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်သည် ပဲမျိုးစုံကို အဓိကထားရောင်းဝယ်သည့် ကုန်စည်ဒိုင်ဖြစ်သည့်အားလျော်စွာ ဒီဇင်ဘာလဆန်းတွင် ဆောင်းသီးနှံကိုင်းပဲအသစ်များ ဈေးကွက်ဝင်ရောက်လာပါသည်။ ဒီဇင်ဘာ(၁၄)ရက်နေ့တွင် မတ်ပဲ(အဟောင်း)တစ်တင်းလျှင် ၅၉၅၀၀ ကျပ်၊ မတ်ပဲ(အသစ်) တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ ပဲတီစိမ်း(ဆီပြောင်) အသစ်တစ်တင်းလျှင် ၄၇၀၀၀ ကျပ်၊ပဲလွန်းဖြူ(အသစ်) တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ ပဲလွန်းနီ(အသစ်)တစ်တင်းလျှင် ၅၀၀၀၀ ကျပ်၊ ပဲယင်း(အနီ)အသစ်တစ် တင်းလျှင် ၅၅၀၀၀ ကျပ်၊ ပဲပုတ်(ဆီတိုး)အသစ်တစ်တ

27 Dec 2022

       မြို့သစ်မြို့နယ်ရှိ တလင်းကုန်း၊ စည်သာ၊ မကျီးကုန်းကြီးကျေးရွာ အစရှိသည့် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသောဆီးသီးအစို/အခြောက်များမှာ ဒီဇင်ဘာလပထမပတ်မှစတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ သဘာဝအလျောက် ပေါက်ရောက်နေသောဆီးပင်များမှ အချဉ်ဓါတ်ရှိသောဆီးသီးကို ဆီးယိုအဖြစ်လည်းကောင်း၊ ဆီးချိုပင်များဖြင့်ကာရံ၍ ဆီးခြံများအဖြစ် စိုက်ပျိုးလျက်ရှိပါသည်။

27 Dec 2022

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ ၁၃ ရက်မှစ၍ မတ်ပဲအသစ်များ ဈေးကွက်ဝင်ရောက်လာပြီး မတ်ပဲအသစ် တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ အဟောင်းတစ်တင်းလျှင် ၅၉၅၀၀ ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုနှစ် ဟင်္သာတခရိုင်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခြင်းမရှိသဖြင့် မြေနုကျွန်းများ ရေနစ်မြုပ်မှုမရှိသည့်အတွက် ဇူလိုင်လကုန်ကပင် ကိုင်းသီနှံများ စိုက်ပျိုးကြာရာ မြေနုကျွန်းရှိသော ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်များမှ မတ်ပဲအသစ်များ ဒီဇင

27 Dec 2022

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၄-၁၂-၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့အနောက်ပိုင်းရပ်ကွက်အတွင်းရှိ “နေလကွာစေ့” လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်အေးဝင်း၏လုပ်ငန်းခွင်သို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

Pages