ကုန်သွယ်မှုသတင်းများ
မြန်မာပြည်အထက်ပိုင်း၏ ဆန်အိုးကြီးဟု တင်စားခေါ်ဝေါ်ကြသည့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရွှေဘိုပေါ်ဆန်းကို နှစ်စဉ်စိုက်ဧက သုံးသိန်းမှ လေးသိန်း ကြားစိုက်ပျိုး လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ကန့်ဘလူခရိုင်တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်း ဇယားများအရသိရှိရပါသည်။ ရွှေဘိုပေါ်ဆန်းသည် မြန်မာလူမျိုးတို့နှစ်သက်သည့် ဆန်အမျိုးအစား တစ်မျိုးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ အမှတ်အသားထုတ်ကုန်တစ်မျိုးဟုလည်း ဆိုနိုင်ပါသည်။ ယခုနှစ်တွင် ရ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/sag8.jpg?itok=RZOxvEL1)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်၊ ဈေးကြီး အနီးပတ်ဝန်းကျင်နှင့် မြို့ပေါ်ရှိနေရာအသီးသီးတွင် ဆောင်းရာသီပေါ်ပန်းမုန်လာများ ရောင်းချလျက် ရှိကြောင်း သိရှိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ပန်းမုန်လာ.jpg?itok=KfFQSH1o)
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(3.000)၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(73.000)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ အောက်တို ဘာလအထိ (8)လတာကာလအတွင်း ပို့ကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(6.630)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(3.931)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/sag6.jpg?itok=qksgS76V)
ကလေးမြို့နယ်ရှိ သာစည်၊ ချင်းဆိုင်၊ ခင်သာနှင့် ချင်းကင်းစသည့် ကျေးရွာများတွင် ခရမ်းချဉ်သီးများ စိုက်ပျိုးလျက်ရှိရာ ယခုလအတွင်းတွင် ချင်းကင်းမှထွက်ရှိသည့် ခရမ်းချဉ်သီးများ မြို့ပေါ်ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာပြီဖြစ်သည့်အတွက် ဖောက်သည်ဈေး( ၈၀၀ကျပ်မှ ၁၀၀၀ကျပ် ) ခန့်သာ ဈေးနှုန်းသို့ရောက်ရှိလာပြီး လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် ( ၁၃၀၀ ) ကျပ်ဈေးနှုန်းသို့ ကျဆင်းခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ခရမ်းချဉ်သီး_7.jpg?itok=lYiisciY)
ကလေးမြို့နယ်ရှိ သာစည်၊ ချင်းဆိုင်၊ ကန်ပုလဲကျေးရွာနှင့် တောင်အူ၊ ပျဉ်သာ၊ ဆည်တော်ဉီး ကျေးရွာများတွင် စားတော်ပဲအရွက်နှင့် စားတော်ပဲနုများ ရောင်းချရန် စပါးခင်းများ စိုက်ပျိုးရိတ်သိမ်းပြီးချိန်တွင် ထွန်ယက်၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ကလေးနယ် တစ်ဝိုက်မှထွက်ရှိသော စားတော်ပဲနုများကို ကြိုက်နှစ်သက်မှုများပြီး ပေါ်စတွင် စားတော်ပဲနုသီး နို့ဆီဗူးတစ်ဗူးလျှင် ( ၁၇၀၀ ကျပ်မှ ၁၅၀၀ကျပ် ) ပေး၍ ဝယ်ယူစား သုံးရပါသည်။ ယခုအခါတွင် ချင်းတောင်ဒေသ ဘားလုံတွင်လည်း စားတော်ပဲအနုများရောင
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/စားတော်ပဲ_0.jpg?itok=0qf5LDZU)