ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ဩဂုတ်လရွာသွန်းမိုးဖြင့် စက်တင်ဘာလတွင် စိုက်ပျိုးသော (မိုးစိုက်)(ဥစိုက်)ကြက်သွန်နီများာကိုး ဒီဇင်ဘာလဆန်းတွင် တူးဖော်၍ (၁)ရက်လျှင် ကုန်ချိန်(၃၀၀၀ မှ ၁၀၀၀၀) အထိ ကြက်သွန်နီပွဲရုံများနှင့် ဈေးတန်းများတွင် နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ မိုးကြက်သွန်နီ(အသစ်)ပေါ်စရာသီဖြစ်၍ ဈေးကွက်အတွင်းသို့ ကုန်ချိန်အဝင်နည်းနေသေးသော်လည်း ဇန်နဝါရီလတွင် (ဥစိုက်)ကြက်သွန်နီများ လှိုင်လှိုင်တူးဖော်ရမည်ဖြစ်၍ ကုန်ချိန်အဝင်များလာမည
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/126.jpg?itok=dKhyc9iL)
ကယားပြည်နယ်တွင် ကုန်စည်ရောင်းဝယ်မှုများ ပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သံ၊ သွပ် စသည်တို့ကို တင်သွင်းလာခဲ့ ကြသည်။ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၈၇၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၈၆၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၈၆၀၀) ကျပ်ဖြစ်ပြီး ယခင်ဒုတိယတစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache တစ်အိတ်လျှင် (၃၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၃၀၀)ကျပ်နှင့် Drago
သကြားကို ရိုးရာမုန့်လုပ်ငန်းများနှင့် အခြားမုန့်ပဲသရေစာလုပ်ငန်းများတွင် မပါမဖြစ် အသုံးပြုကြပါသည်။ သကြားကိုတောင်ကြီး၊ ရန်ကုန်မြို့ကြီးများမှတင်သွင်းပြီး လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ယခုဒီဇင်ဘာလ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော သကြားဈေးနှုန်းမှာ သကြားအညိုတစ်ပိဿာလျှင်(၂၈၀၀)ကျပ်ခန့်ရှိပြီး ယခင်နိုဝင်ဘာလအတွင်း သကြားအညိုတစ်ပိဿာဈေးနှုန်းမှာ(၃၀၀၀)ကျပ်ခန့်ရှိခဲ့၍ ယခင်လနှင့် ယခုလ ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် သကြားညိုတစ်ပိဿာလျှင်(၂၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာ
ကယားပြည်နယ်တွင် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂)မျိုးစလုံးစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ ရှိပါသည်။ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီ စိုက်ပျိုးကြပြီး (၃)လကြာလျှင် ဈေးကွက်သို့ ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။ ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ လွိုင်လင်လေး၊ လောပိတကျေးရွာမျ
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာနှင့်ရေနီကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီးထွက်ရှိသော ငရုတ်သီးစိမ်း ကိုဒေသ၌ ဈေးကွက်တွင်ဖြန့်ဖြူးရောင်းချကြကြောင်း၊ ဒေသခံလူမျိုးများမှာလည်း ဒေသရိုးရာ အစားအသောက်များ ဟင်းလျာများတွင် မရှိမဖြစ်နှစ်ခြိုက်စွာ အသုံးပြုကြသည်။ ယခုလက်ရှိ ဒီဇင်ဘာလတတိယပတ်တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလဒုတိယအပတ်တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၅၅၀၀)