Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Dec 2022

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ယခုအချိန်တွင် ဆောင်းတွင်းကာလဖြစ်၍ ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရသည့် ဟင်းသီးဟင်းရွက်များပေါများသည့်အပြင် သရေစာအဖြစ်စားသုံးရသည့် အသီးအနှံများလည်းပေါများသည့် ကာလဖြစ်ပါသည်။ ရွှေဘိုမြို့စည်ပင်သာယာဈေးတွင် ရောင်းချလျက် ရှိသော သရေစာအဖြစ်စားသုံးရသည့်သီး

27 Dec 2022

           စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာနှင့် ရွှေဘိုခရိုင်တို့တွင် စပါး/ ဆန်ဈေးနှုန်းများ ဈေးအေးနေပြီး၊ ကန့်ဘလူခရိုင်တွင်  ဧရာမင်း ဆန်ဈေး အနည်းငယ် ကျဆင်းပါသည်။

27 Dec 2022

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ကျေးရွာများဖြစ်သော ချင်းဆိုင်၊ ဆည်တော၊ ဇင်းကလင်း၊ ဆည်တော်ဦး၊ ကျောင်းတိုက်၊ သဖန်းအိုင်၊ ညောင်တောစသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီသည့် ရာသီစာအိန္ဒိယမုန်ညှင်းစိုက်ပျိုး ရောင်းချခြင်းဖြင့် နှစ်စဉ် ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

26 Dec 2022

            အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၇.၁၂.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၁၃.၁၂.၂၀၂၂)ရက်နေ့တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး ယခု အပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)၊ နှမ်းနီနှင့် နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀၀၀)ဖြစ်ပြီး ယခု အပတ်တွင် လည်း ကျပ်(၂၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင် အိတ်ဖြင့် နှမ်းနက်(စမုံ)(၃၂၀၀)

26 Dec 2022

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်တွင် ဒီဇင်ဘာလဆန်းမှစ၍ (မိုး)စပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ ပေါက်မြို့ နယ်တွင် နှစ်စဉ်(မိုး)စပါးကို အဓိကသီးနှံအဖြစ်စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်တွင် (မိုး)စပါးဧက (၁၂၀၀၀)ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နယ်မြေဒေသအခြေအနေအရ စိုက်ဧက(၅၀၀၀)ခန့်သာ စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

Pages