Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Dec 2022

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ ရေဝင်ဒေသများဖြစ်သည့် ကျွန်းထဲကျေးရွာများမှ မိုး(ဥစိုက်) ကြက်သွန်နီ များ ပခုက္ကူမြို့ရှိ အမှတ် (၁) မြို့မဈေး၏ အရှေ့တောင်ဘက် အရပ်ခေါ် ကျွန်းတန်း ကြက်သွန်နီပွဲရုံ တန်းသို့ ဥပုဒ်နေ့မှလွဲ၍ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း “စိန်ရတနာ” ပွဲရုံပိုင်ရှင် ဦးစိန်လွင်၏ ပြောပြချက်အရ သိရှိရပါသည်။

26 Dec 2022

      ယခု(၁)ပတ်တွင် ပခုက္ကူမြေပဲဈေးကွက်၌ မြေပဲဈေးများ ဆက်လက်ကျဆင်းနေပြီး ဒီဇင်ဘာလ(၆)ရက်မှ(၁၂)ရက်နေ့အထိ (၁)ပတ်အတွင်း မြေပဲတောင့်(အခြောက်) ပိဿာ(၃၅၀၀၀)၊ တင်း (၂၃၀၀)ခန့် ၊ မြေပဲဆံ ပိဿာ(၁၀၀၀၀)၊ ပိဿာ(၃၀)ဝင်ဆံ့ အိတ်(၃၃၀)ခန့် ဝင်ရောက်လျက်ရှိပြီး မြေပဲတောင့်(အခြောက်)(၁)ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၃၂၀၀)၊ မြေပဲဆံ(၁)ပိဿာလျှင် လက်ကားဈေးလုံးဆံ(ရှယ်) ကျပ်(၅၁၀၀)နှင့် ဆီဆံ ကျပ်(၄၈၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့မဈေးကြီးအတွင်း၌ လက်လီဈေး မြေပဲလုံးဆံ(၁)ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၅၅၀

26 Dec 2022

         ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ အခြေခံစားကုန်ဖြစ်သော ကြက်ဥကို မြို့နယ်အတွင်း ကြက်ဥခြံများရှိသော်လည်း စားသုံးသူများ၏လိုအပ်ချက်အရ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ အများဆုံး တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

26 Dec 2022

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကို (၁၁၇၅၈) ဧကလျာထားပြီး ဒီဇင်ဘာလ ဒုတိယပတ်အထိ စိုက်ပျိုးပြီးစီးမှု သီးသန့်စိုက်ဧက(၁၃၃၁)ဧကနှင့် သီးညှပ်စိုက်ဧက (၄၃၀၉)ဧက စုစုပေါင်းစိုက်ပျိုးပြီးဧက (၅၇၄၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါသည်။

26 Dec 2022

      ပြည်ဈေးကွက်သို့ ဆောင်းနှမ်းသစ်များ ယခုဒီဇင်ဘာလဒုတိယပတ်တွင် ဝင်ရောက်မှုများ လာခဲ့ပါသည်။ ပေါက်ခေါင်း၊ မြန်အောင်၊ မင်းတုန်းနှင့် ကံမဘက်မှ နေ့စဉ် တစ်နေ့လျှင်အိတ် ၆၀၀/၇၀၀ခန့် ဝင်ရောက်လာပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေး ဝယ်လက်များက နှမ်းနက်ကို ဝယ်ယူမှုရှိသလို၊ နှမ်းနီကို မြို့တွင်းဆီစက်သမားများ ဆီကြိတ်ရန် ဝယ်ယူမှုရှိသဖြင့် အရောင်းအဝယ်သွက်လျှက်ရှိပါသည်။ အချို့ဆီစက်သမားများက နှမ်းနက်ကို ဆီကြိတ်ရန် ဝယ်ယူမှုရှိသဖြင့် ပြည်မြို့အနီးတဝိုက်ကျေးရွာများတွင် နှ

Pages