ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကြံသီးနှံ(ခင်းသစ်) စိုက်ဧက (၂၀၄၉၈)ဧကလျှင် အထွက်နှုန်း(၂၅)တန်ခန့် ထွက်ရှိပါက ကြံတန်ချိန် (၅၀၀၀၀၀) ကျော်ခန့်၊ (လမိုင်း) စိုက်ဧက (၇၃၄၀)ဧကလျှင် အထွက်နှုန်း(၁၇)တန်ခန့် ထွက်ရှိပါက ကြံတန်ချိန် (၁၂၀၀၀၀) ကျော်ခန့်၊ စုစုပေါင်း (၂၇၈၃၈)ဧကလျှင် အထွက်နှုန်း(၂၃)တန်ခန့် ထွက်ရှိပြီး ကြံတန်ချိန်ပေါင်း (၆၀၀၀၀၀) ကျော်ခန့်ထွက်ရှိနိုင်ပါကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/bago10.jpg?itok=EWeepOyI)
ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စု၊ အုတ်ကျင်းကျေးရွာမှ တပိုင်တနိုင် ပဲပင်ပေါက် လုပ်ငန်းသည် ဖြူးနှင့်အနီးတဝိုက်မြို့နယ်များသို့ ပို့ပေးရသည့် အောင်မြင်သည့် စီးပွားရေးလုပ်ငန်း ဖြစ်ပြီး ရာသီတိုင်း ဝင်ငွေရလျှက်ရှိပါသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲနောက်ကို အသုံးပြုရ ပါသည်။ ပဲနောက် တစ်ပြည်ကို ၄၀၀၀ ကျပ်ခန့် ပေးဝယ်ရပါသည်။ တစ်ရက်ရောင်းချရန်အတွက် ပဲနောက် ၄ ပြည်အသုံးပြုရပါသည်။ ပဲနောက် တစ်ပြည်လျှင် ပဲပင်ပေါက် ၈ ပိဿာခန့်ရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/bago7.jpg?itok=2VVsHo9M)
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကြို့ပင်ကောက်မြို့မ ယင်းချောင်းခွအုပ်စု ၊ ရန်ကြီးအောင်ကျေးရွာတွင် ကြံကို ကိုယ်ပိုင်စိုက်ပျိုး၍ ကြံသကာ ထုတ်လုပ် သော လုပ်ငန်းရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/bago6.jpg?itok=gVSM3FbT)
၂၀၂၂ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည်လျှင် ၃၇၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၄၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ၊ (ကြူက
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.29.jpg?itok=BZefCanw)
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၅၀၀)ကျပ်၊ ဧရာမင်းဆန် တစ်ပြည် အဟောင်း (၂၅၀၀)ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည် အသစ်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၅၅၅၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၄၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ) တစ်ပိဿာ လျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀) က
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.27.jpg?itok=6ZZliAvt)