Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Dec 2022

        ဆားလင်းကြီးမြို့နယ်သည် မုံရွာမြို့၏ အနောက်ဖက်ကမ်းတွင်တည်ရှိပြီး ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအပြင် ဆောင်းကြက်သွန်နီကိုပါ အဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် ဆောင်းကြက်သွန်နီဧက (၃၈၀၀) ဝန်းကျင်ခန့်ပုံမှန်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဧက (၃၅၀၀)ကျော် စိုက်ပျိုးရန် လျာထားပြီးဧက (၂၀၀၀) ကျော်ခန့် စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရသည်။

21 Dec 2022

       ရွှေဘိုမြို့၌  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ဒေသတွင်းမှ စိုက်ပျိုးထွက်ရှိသော ခရမ်းချဉ်သီးများအပြင် ၊နောင်ချို၊ အင်းလေးဘက်မှ ဝယ်ယူရောင်းချမှုများရှိသော်လည်း ယခုအခါတွင် သယ်ယူစရိတ် ကုန်ကျစရိတ်များလာသောကြောင့် ဈေးကွက်အတွင်းတွင် မိမိတို့ဒေသမှထွက်သော ခရမ်းချဉ်သီးများကိုသာ အဓိကထား၍  ရောင်းချလျက်ရှိကြောင်း၊ ဒီဇင်ဘာလဒုတိယပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင် ဒီဇင်ဘာလ ပထမပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၀၀၀ကျပ် ဈေးရှိခ

21 Dec 2022

        ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည်လျှင် (၂၂၀၀)ကျပ်၊ မှော်ဘီဆန်တစ်ပြည်လျှင် (၁၉၀၀) ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည်လျှင် (၁၇၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဆန်ဈေးနှုန်းများမှာ ဒီဇင်ဘာလ ပထမအပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဈေးနှုန်းအတက်/အကျ မရှိဘဲ တည်ငြိမ်နေသည်

21 Dec 2022

         ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ ‌ဒုတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်ခဲ့ပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၃၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၅၆၀၀၊ တန်အားဖြင့် ၅၂၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသ

21 Dec 2022

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် ဒီဇင်ဘာလ ဒုတိယအပတ်၌ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၆၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ် လျှင် (၁၇၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၇၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ် မြို့အတွင်းရှိ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၈၀၀)ကျပ်၊ ဆင် တံဆိပ် (50)kg တစ်အိတ် လျှင် (၁၅၆၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၆၀၀)ကျပ် ဖြစ်ပါသည်။

Pages