Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Dec 2022

      ပြည်ဈေးကွက်၏ အာလူးဈေးအနေဖြင့် နိုဝင်ဘာနောက်ဆုံးပတ်တွင် လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀-၂၀၀၀-၂၂၀၀၊ လက်လီဈေး ကျပ် ၂၄၀၀-၂၈၀၀ ဈေးဖြင့် အရောင်း အဝယ် ပုံမှန်ရှိခဲ့ပြီး ယခုဒီဇင်ဘာလဆန်းမှစ၍ ယခုပတ်ထိ လက်ကား (ပွဲရုံ)ဈေးတစ်ပိဿာလျှင် ကျပ် ၂၄၀၀ - ၂၆၀၀၊ လက်လီဈေး ကျပ် ၂၈၀၀-၃၀၀၀ ဈေးအနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။  ပြည်ဈေးကွက်သို့ ရှမ်းအာလူးများ အဝင်နည်းလာခြင်းကြောင့်ဖြစ်ပြီး မန္တလေးဘက်မှ တရုတ်အာလူးဖြင့်သာ အရောင်းအဝယ်ဖြစ်နေ၍ မန္တလေးဘက်မှ တရုတ်အာလူးများ နေ့စဉ် ပိဿာချိ

23 Dec 2022

        ပြည်မြို့တွင် နနွင်းတက်များကို ကျောက်ဆည်၊ ဟင်္သာတ၊ မင်းတုန်းမြို့တို့မှ ရာသီပေါ်စအချိန်တွင် သိုလှောင်ရန် ဝယ်ယူထားရှိပြီး လေလုံသောအိတ်များဖြင့် ထုတ်ပိုးသိုလှောင် သိမ်းဆည်းထားကာ ဈေးကွက်အတွင်း လက်လီ၊ လက်ကားဈေးနှုန်းများဖြင့် ရောင်းချနေခြင်းဖြစ်ပါသည်။ လက်ရှိ ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသော နနွင်းဈေးနှုန်းများမှာ အတက်ကြီး အလုံးချော တစ်ပိဿာ ၅၀၀၀ကျပ်၊ အတက်သေးတစ်ပိဿာလျှင် ၃၅၀၀ကျပ်နှုန်းဖြင့် ပုံမှန်ဈေးဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ နယ်မြို့များသို့လည်း နနွင်းတက်အတိ

23 Dec 2022

     စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ ရေနီကန်ကျေးရွာများတွင် စိုက်ပျိုးကြပြီး ထွက်ရှိသောငရုတ်သီးစိမ်းကို‌ ဒေသတွင်း ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြပြီး၊ ဒေသခံလူမျိုးများမှာလည်း ငရုတ်သီးကို ဒေသရိုးရာအစားအသောက်များ၊ ဟင်းလျာများတွင် မရှိမဖြစ်အများဆုံးအသုံးပြုကြပါသည်။

23 Dec 2022

      ကယားပြည်နယ်တွင် ထောပတ်သီးကို လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင်လည်းကောင်း ၊ ပျံကျဈေးတို့တွင်လည်းကောင်း များစွာရောင်းချလျက်ရှိပါသည်။ ထောပတ်သီးကို အောင်ပန်း၊ ကလော၊ တီဂျစ်စသည့်မြို့တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခုဒီဇင်ဘာလအတွင်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၄၀၀)ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၃၅၀)ကျပ်၊ အလုံးအငယ်တစ်လုံးလျှင် (၂၀၀)ကျပ်ယခင်နိုဝင်ဘာလအတွင်း ဈေးကွက်အတွင်းဖြစ်ပေါ်ခဲ့သော ထောပတ်သီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှ

23 Dec 2022

      သစ်သီးဝလံတစ်မျိုးဖြစ်သည့် ပန်းသီးသည် ရှမ်းပြည်နယ်၊ တောင်ပိုင်း အောင်ပန်းဒေသမှ အများဆုံးထွက်လျက်ရှိပါသည်။ ပြည်နယ်ဈေးကွက်အတွင်း၌ ဝင်ရောက်နေသော ပန်းသီးသည် အကျွတ်သီးနှင့် အပွသီးဟူ၍ (၂) မျိုးရှိသည့်အနက် ဝယ်ယူစားသုံးရာတွင် ပန်းသီးအကျွတ်သီး (ကြီး) တစ်လုံးလျှင် ကျပ်(၇၀၀)၊ သေး(၆၀၀)ကျပ်၊ ပန်းသီးအပွသီး(ကြီး)တစ်လုံးလျှင် (၇၀၀)ကျပ်၊ သေး (၆၀၀)ကျပ်ဖြင့် ဈေးနှုန်းပေါက်လျက်ရှိရာ ဒီဇင်ဘာလအချိန်ရာသီသည် ပန်းသီးအနည်းငယ် ထွက်ရှိတဲ့အချိန်ကာလဖြစ်ကြောင်း၊ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမှာနည်းပ

Pages