Main menu

ဈေးကွက်အတွင်း၌ ဝင်ရောက်နေသော ပန်းသီးဈေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

      သစ်သီးဝလံတစ်မျိုးဖြစ်သည့် ပန်းသီးသည် ရှမ်းပြည်နယ်၊ တောင်ပိုင်း အောင်ပန်းဒေသမှ အများဆုံးထွက်လျက်ရှိပါသည်။ ပြည်နယ်ဈေးကွက်အတွင်း၌ ဝင်ရောက်နေသော ပန်းသီးသည် အကျွတ်သီးနှင့် အပွသီးဟူ၍ (၂) မျိုးရှိသည့်အနက် ဝယ်ယူစားသုံးရာတွင် ပန်းသီးအကျွတ်သီး (ကြီး) တစ်လုံးလျှင် ကျပ်(၇၀၀)၊ သေး(၆၀၀)ကျပ်၊ ပန်းသီးအပွသီး(ကြီး)တစ်လုံးလျှင် (၇၀၀)ကျပ်၊ သေး (၆၀၀)ကျပ်ဖြင့် ဈေးနှုန်းပေါက်လျက်ရှိရာ ဒီဇင်ဘာလအချိန်ရာသီသည် ပန်းသီးအနည်းငယ် ထွက်ရှိတဲ့အချိန်ကာလဖြစ်ကြောင်း၊ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမှာနည်းပါးသော်လည်း ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဝလံရောင်းချသူတစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)