ကယားပြည်နယ်တွင် ထောပတ်သီးကို လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင်လည်းကောင်း ၊ ပျံကျဈေးတို့တွင်လည်းကောင်း များစွာရောင်းချလျက်ရှိပါသည်။ ထောပတ်သီးကို အောင်ပန်း၊ ကလော၊ တီဂျစ်စသည့်မြို့တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခုဒီဇင်ဘာလအတွင်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၄၀၀)ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၃၅၀)ကျပ်၊ အလုံးအငယ်တစ်လုံးလျှင် (၂၀၀)ကျပ်ယခင်နိုဝင်ဘာလအတွင်း ဈေးကွက်အတွင်းဖြစ်ပေါ်ခဲ့သော ထောပတ်သီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၃၀၀) ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၂၅၀)ကျပ်၊ အလုံးအငယ်တစ်လုံးလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း ၊ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ထောပတ်သီးဈေးနှုန်းမှာ ယခင်အပတ်ထက် အနည်းငယ်မြှင့်တက်ကြောင်း သီရိမင်္ဂလာဈေးအတွင်း ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)