စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ ရေနီကန်ကျေးရွာများတွင် စိုက်ပျိုးကြပြီး ထွက်ရှိသောငရုတ်သီးစိမ်းကို ဒေသတွင်း ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြပြီး၊ ဒေသခံလူမျိုးများမှာလည်း ငရုတ်သီးကို ဒေသရိုးရာအစားအသောက်များ၊ ဟင်းလျာများတွင် မရှိမဖြစ်အများဆုံးအသုံးပြုကြပါသည်။
ယခုလက်ရှိ ဒီဇင်ဘာလတွင် ဈေးကွက်အတွင်း ငရုတ်သီးစိမ်း (ကျောက်စိမ်း)သီးအမျိုးအစား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်လတွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၈၀၀)ကျပ် ရှိခဲ့ပါသည်။ ယခင်နိုဝင်ဘာလနှင့် ယခုဒီဇင်ဘာလနှိုင်းယှဉ်လျှင် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၇၀၀)ကျပ်ခန့်မြင့်တက်လာကြောင်း သီရိမင်္ဂလာဈေးရှိ ငရုတ်သီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)