Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Dec 2022

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ စည်ပင်သာယာဈေးကြီးသည် ဒေသတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော သီးနှံမျိုးစုံနှင့် ရှမ်းပြည်နယ်အောင်ပန်း၊ သီပေါမြို့များမှ ထွက်ရှိသော သီးနှံများ ပခုက္ကူမြို့နယ် မြေနုကျွန်းမြေများမှ ထွက်ရှိသော သီးနှံများကို ပခုက္ကူမြို့မှတစ်ဆင့် ပေါက်မြို့ စည်ပင်သာယာဈေးအတွင်းသို့ ဝင်ရောက်ပြီး ဒေသတွင်းရှိ ကျေးရွာများမှ စားသုံးသူများလာရောက် အရောင်းအဝယ် ဖောက်ကားရာဈေးဖြစ်ပါသည်။

26 Dec 2022

           မကွေးတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုတစ်ပတ်တွင် မကွေးကုန်စည်ဒိုင်၌ အရည်အသွေးနှင့် ဝယ်လိုအားကြောင့် ပဲတီစိမ်း၊ ပဲစဉ်းငုံနီတို့ စျေးနှုန်းများမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ယခင်တစ်ပတ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ပဲတီစိမ်းတစ်တင်းလျှင်ကျပ် (၄၁၀၀၀)ရှိခဲ့ရာ ယခုတစ်ပတ် ဒီဇင်ဘာ(၁၂)ရက်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၄၃၀၀၀)စျေးရှိခဲ့ပြီး အရောင်းအဝယ်အနေဖြင့် အိတ်(၁၀၀)မှ (၄၀၀) ကြားအရောင်

26 Dec 2022

        မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ဝါစိုက်ဧက (၇၄၄၅) စိုက်ပျိုးထားရှိပြီး ဝါစိုက်တောင်သူအများစုသည် နိုင်ငံခြားစပ်မျိုး  (၆၆၆)မျိုးကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

26 Dec 2022

         စက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်‌ပေးလျက်ရှိရာ မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၂၁)ဆိုင်မှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလတွင် ဒုတိယပတ်နှင့် တတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ  ဒုတိယအပတ်တွင် စက်သုံးဆီ စျေးနှုန်း များမှာ 92 တစ်လီတာလျှင် ကျပ်(၁၉၁၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၀၀၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၂၄၀)၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(

26 Dec 2022

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ပဲကပ်ကြော်၊ ပဲမဲကြော် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ကြသူများ မိသားစုစီးပွားရေး အဆင်ပြေပြီး ဝင်ငွေတိုးလျက်ရှိကြောင်း သိရပါသည်။ ပဲကပ်ကြော် ကြော်ရာတွင် ပထမဦးစွာ ကုလားပဲကိုည(၁၂)နာရီကြာအောင် ရေစိမ်ထားရကြောင်း၊ ရေစိမ်ပြီးသော ကုလားပဲ(၁)ပိဿာ(၅၀)ကျပ်သား ကိုရေစစ်ပြီး၊ ကြိတ်ပြီးသား ဆန်မှုန့် (၆)ပြည်၊ ပဲမှုန့် (၇၅)ကျပ်သားတို့နှင့် ရောနှောအရည်ဖျော်ပြီး ကြော်ရကြောင်း၊ နေ့စဉ် နံနက်(၀၄:၀၀)နာရီမှ (၁၄:၀၀)နာရီအထိ ကြော်ရကြောင်း၊ တစ်နေ့ပဲကပ်ကြော်

Pages