Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Dec 2022

        ကယားပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ ၂၀၂၂ ခုနှစ်၊ နေကြာ(မိုး)စိုက်ဧကမှာ (၉၄၄) ဧက၊ ရိတ်ဧကအနေဖြင့် အကုန်ရိတ်သိမ်းခဲ့ပြီး တစ်ဧကအထွက်နှုန်းမှာ (၃၀.၄၉) တင်း နှင့် စုစုပေါင်းအထွက်မှာ (၂၈၇၈၂) တင်းဖြစ်ကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် (၂၅၅)ဧကခန့် ပိုမိုစိုက်ပျိုးလာခဲ့ကြောင်း တွေ့ရှိရပါသည်။ ကယားပြည်နယ်အတွင်း စိုက်ပျိုးသောနေကြာများကို ပြည်နယ်အတွင်း ကြိတ်ခွဲစားသုံးကြပါသည်။

27 Dec 2022

        မြင်းခြံခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာတွင် မိုးနှမ်းစိုက်ဧက(၂၂၆၃၉၆)ဧက စိုက်ပျိုးခဲ့ပြီး၊ စိုက်ဧက အားလုံးရိတ်သိမ်းနိုင်ခဲ့ပါသည်။ တစ်ဧကပျှမ်းမျှအထွက်နှုန်းအနေဖြင့် (၃.၀၉) တင်းနှုန်းဖြင့် တင်းပေါင်း (၆၉၉၅၆၄)တင်း ထွက်ရှိခဲ့ပါသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၅၆၀၄)ဧက၊ ရိတ်သိမ်းဧက(၅၆၀၄)ဧက၊ အထွက်တင်းပေါင်းမှာ(၂၈၆၃၆)တင်းဖြစ်ပြီး၊ တောင်သာမြို့နယ်၏ စိုက်ဧကမှာ (၄၆၄၃၈)ဧက၊ ရိတ်သိမ်းဧက(၄၆၄၃၈)ဧက၊ အထွက်တင်း ပေါင်းမှာ (၂၀၄၃၂၇)တင်း၊ နွားထိုးကြီးမြို့နယ်တွင် (

27 Dec 2022

        စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(ဟောင်း)(တစ်အိတ်)လျှင် ၈၈၀၀၀ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း(သစ်)(တစ်အိတ်)လျှင် ၅၈၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(ဟောင်း)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၄၈၀၀၀ ကျပ်၊ ငစိန်ဆန် (တစ်အိတ်) လျှင် ၄၀၀၀၀ ကျပ်၊  ပဲဆီ(တစ်ပိဿာ)လျှင် ၉၄၅၀-၉၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၉၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၅၄၀၀-၅၄၅၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျ

27 Dec 2022

         မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ ထောပတ်ပဲဈေးနှုန်း မှာဈေးနှုန်းတူညီနေပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း သတင်းများအရ သိရသည်။

မတ်ပဲ

27 Dec 2022

      မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဟူ၍ ဥတု(၃)ပါးရှိရာ မြူနှင်းများဝေပြီး ခိုက်ခိုက်တုန် အောင်ချမ်းသော ဆောင်းရာသီဖြစ်သည့် နတ်တော်လ၊ ပြာသိုလများတွင် ပဲမြစ်ကို တူးဖော်ရောင်းချ ကြပါသည်။ ပဲမြစ်သည် တစ်နှစ်မှာ တစ်ရာသီသာပေါ်သည့် ရာသီစာဖြစ်ပါသည်။ ဘုရားပွဲများတွင် ဧည့်ခံကျွေးမွေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ အချိုပွဲအဖြစ်ပို့ခြင်း၊ ရပ်နီး/ရပ်ဝေး မကျန် လက်ဆောင်အဖြစ်ပေးသော သရေစာတစ်မျိုးဖြစ်ပါသည်။ ပဲမြစ်ပြုတ်ရာတွင် စေးပိုင်စေရန် ကောက်ရိုး၊ ထန်းလျက်ခဲများဖြင့် ပြုတ်ကြပါသည်။

Pages