Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Dec 2022

         ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများတွင် မတ်ပဲဈေးမှာ ယခုအပတ်တွင် ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲသစ်များအဝင်ရှိပြီး တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် အဝင်ရှိပါသည်။ ပန်းတောင်း၊ ကံမနှင့် မင်းတုန်းဘက်မှ အဝင်ရှိပြီး ရန်ကုန်ဝယ်လက်နှင့် လှောင်သမားများ အဝယ်ရှိခဲ့ပါသည်။ ပဲသစ်နှင့် ပဲဟောင်း(၂)မျိုးစလုံး အရောင်းအဝယ်ဖြစ်ပြီး ပဲဟောင်းများမှာ ထုတ်၍ရောင်းချသူများ၍ အရောင်းအဝယ်သွက်လျက်ရှိပါသည်။

28 Dec 2022

     ပြည်ပဲဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ ဆက်လက်ဝင်ရောက်လာခဲ့ပြီး ပြည်အနီးတဝိုက်ဒေသများမှ နေ့စဉ်ဝင်ရောက်ခဲ့ကာ တစ်ရက်အိတ် ၁၀၀/၂၀၀ကျော်အထိ ဝင်ရောက်မှုရှိခဲ့ကြပါသည် ။ ပဲတစ်တင်း ၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်လီသမားသာမက  လက်ကားသမားများပါ ရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ ဘိုကိတ်ပဲသီးနှံဈေးမှာ ယခင်နှစ်က ဒီဇင်ဘာ လဆန်းရက်တွင်  ဈေးကွက်အတွင်း ဈေးအနိမ့်ဖြင့် ရောင်းဝယ်နေခဲ့ရာမှ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ကုန်ပတ်တွင် ပဲဈေနှုန်းမြင့်တက်လာခဲ့ကာ တစ်တင်း ၄၈၅၀၀ကျပ်ထိ ဈေးမြင့်ရခဲ့ပါကြောင်

28 Dec 2022

        ပြည်ပဲဈေးကွက်တွင် လက်လီ/လက်ကား ပဲမျိုးစုံရောင်းဝယ်နေကြသော်လည်း စားတော်ပဲသီးနှံမှာ ဈေးကွက်အတွင်း လက်လီသာနေ့စဉ်အရောင်းအဝယ်ဖြစ်သော သီးနှံဖြစ်ခဲ့ပါသည်။ ပဲသစ်ဝင်ရောက်ခြင်း မရှိခဲ့သော်လည်း ပဲဟောင်းလက်ကျန်များ ရှိခဲ့မှုအပေါ် တစ်ရက်အိတ် ၂၀ ဝန်းကျင်ခန့် ရောင်းဝယ်မှုရှိပြီး ပဲဈေးမှာ တစ်တင်း ၁၁၀၀၀၀ကျပ် ထိဈေးအမြင့်ဖြင့် ရောင်းဝယ်လျက်ရှိခဲ့ပါသည်။  နှစ်စဉ်လိုလို စားတော်ပဲသီးနှံသည် ပဲဈေးကွက်တွင် ဈေးကောင်းရလျက်ရှိပြီး ယခုနှစ်မှာလည်း ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးဖြင့် စံချိန်တင်ရနေခဲ့

28 Dec 2022

         ပြည်ပဲမျိုးစုံဈေးကွက်တွင်  မတ်ပဲသစ်အချို့ စတင်ဝင်ရောက်လာခဲ့ကြောင်း သိရှိရပါသည်။ ပန်းတောင်း၊ ကံမမြို့နယ်များမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ပဲသစ်တစ်ရက်အိတ် ၁၀၀/၁၅၀ကျော် ဝင်ရောက်ခဲ့ပါသည်။ လက်ကျန်ပဲဟောင်းများလည်းရှိနေခဲ့သည့်အတွက် ပဲဟောင်း/ပဲသစ် နှစ်မျိုး စလုံး အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ရန်ကုန်ဝယ်လက် နေ့စဉ်အဝယ်ရှိခဲ့၍ အိတ် ၁၀၀/၂၀၀ ကျော်ထိ ရောင်းဝယ်ခဲ့ကြပြီး ပဲဈေးမှာ တစ်တင်း ၅၈၅၀၀ကျပ်ဖြင့် ယခင်လကုန်ပတ်ဈေးထက် ဈေးအနည်းငယ် ပိုလာခဲ့ပါသည်။  ယခင်နှစ်က နှစ်ကုန်ပိုင်း မတ်ပဲသီးနှံဈေ

28 Dec 2022

         ယခုတစ်ပတ် ပြည်ပဲဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ် ဝင်ရောက်မှုအနေဖြင့် လျော့နည်းလာသည်ဆိုသော်လည်း တစ်ရက်အိတ် ၃၀၀/၄၀၀ကျော်ခန့်ထိ ဝင်ရောက်မှု ရှိခဲ့ကြပါသည်။ ဝယ်လက်သမားများအနေဖြင့် မန္တလေးဝယ်လက်ရော ရန်ကုန်ဝယ်လက်ပါ အဝယ်ရှိ၍ ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲဈေးမှာ တစ်တင်း ၄၆၀၀၀ကျပ် မှ ၄၇၀၀၀ကျပ်ထိ ပဲအရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ကြပါသည်။ ယခင်နှစ် ဒီဇင်ဘာလအတွင်း ပဲတီစိမ်း သီးနှံဈေးမှာ တစ်တင်း ၄၃၀၀၀ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခုနှစ် ပဲတီစိမ်း သီးနှံ

Pages