Main menu

ပြည်ဘိုကိတ်ပဲသစ် လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်

Powered by Drupal

     ပြည်ပဲဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ ဆက်လက်ဝင်ရောက်လာခဲ့ပြီး ပြည်အနီးတဝိုက်ဒေသများမှ နေ့စဉ်ဝင်ရောက်ခဲ့ကာ တစ်ရက်အိတ် ၁၀၀/၂၀၀ကျော်အထိ ဝင်ရောက်မှုရှိခဲ့ကြပါသည် ။ ပဲတစ်တင်း ၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်လီသမားသာမက  လက်ကားသမားများပါ ရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ ဘိုကိတ်ပဲသီးနှံဈေးမှာ ယခင်နှစ်က ဒီဇင်ဘာ လဆန်းရက်တွင်  ဈေးကွက်အတွင်း ဈေးအနိမ့်ဖြင့် ရောင်းဝယ်နေခဲ့ရာမှ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ကုန်ပတ်တွင် ပဲဈေနှုန်းမြင့်တက်လာခဲ့ကာ တစ်တင်း ၄၈၅၀၀ကျပ်ထိ ဈေးမြင့်ရခဲ့ပါကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် တစ်တင်း ၄၀၀၀၀ကျပ်ခန့်သာ ရောင်းဝယ်နေခဲ့သည့်အတွက် ယခင်နှစ် ကုန်ဈေးထက်ဈေးလျော့နည်းနေခဲ့ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)