ပြည်ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲသစ်အချို့ စတင်ဝင်ရောက်လာခဲ့ကြောင်း သိရှိရပါသည်။ ပန်းတောင်း၊ ကံမမြို့နယ်များမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ပဲသစ်တစ်ရက်အိတ် ၁၀၀/၁၅၀ကျော် ဝင်ရောက်ခဲ့ပါသည်။ လက်ကျန်ပဲဟောင်းများလည်းရှိနေခဲ့သည့်အတွက် ပဲဟောင်း/ပဲသစ် နှစ်မျိုး စလုံး အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ရန်ကုန်ဝယ်လက် နေ့စဉ်အဝယ်ရှိခဲ့၍ အိတ် ၁၀၀/၂၀၀ ကျော်ထိ ရောင်းဝယ်ခဲ့ကြပြီး ပဲဈေးမှာ တစ်တင်း ၅၈၅၀၀ကျပ်ဖြင့် ယခင်လကုန်ပတ်ဈေးထက် ဈေးအနည်းငယ် ပိုလာခဲ့ပါသည်။ ယခင်နှစ်က နှစ်ကုန်ပိုင်း မတ်ပဲသီးနှံဈေးမှာ တစ်တင်း ၄၆၀၀၀ ကျပ်သာ ရရှိခဲ့ပြီး ယခုနှစ်ပဲသစ်ပေါ်စ ပဲအဖွင့်ဈေးမှာ တစ်တင်းကျပ် ၆သောင်းနီးပါးအထိ ရရှိခဲ့ကာ ယခင်နှစ်ကာလတူပဲဈေးထက် ဈေးပိုရနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)