Main menu

ပြည်စားတော်ပဲသီးနှံ ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေခဲ့

Powered by Drupal

        ပြည်ပဲဈေးကွက်တွင် လက်လီ/လက်ကား ပဲမျိုးစုံရောင်းဝယ်နေကြသော်လည်း စားတော်ပဲသီးနှံမှာ ဈေးကွက်အတွင်း လက်လီသာနေ့စဉ်အရောင်းအဝယ်ဖြစ်သော သီးနှံဖြစ်ခဲ့ပါသည်။ ပဲသစ်ဝင်ရောက်ခြင်း မရှိခဲ့သော်လည်း ပဲဟောင်းလက်ကျန်များ ရှိခဲ့မှုအပေါ် တစ်ရက်အိတ် ၂၀ ဝန်းကျင်ခန့် ရောင်းဝယ်မှုရှိပြီး ပဲဈေးမှာ တစ်တင်း ၁၁၀၀၀၀ကျပ် ထိဈေးအမြင့်ဖြင့် ရောင်းဝယ်လျက်ရှိခဲ့ပါသည်။  နှစ်စဉ်လိုလို စားတော်ပဲသီးနှံသည် ပဲဈေးကွက်တွင် ဈေးကောင်းရလျက်ရှိပြီး ယခုနှစ်မှာလည်း ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးဖြင့် စံချိန်တင်ရနေခဲ့သော  ပဲသီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)