ယခုတစ်ပတ် ပြည်ပဲဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ် ဝင်ရောက်မှုအနေဖြင့် လျော့နည်းလာသည်ဆိုသော်လည်း တစ်ရက်အိတ် ၃၀၀/၄၀၀ကျော်ခန့်ထိ ဝင်ရောက်မှု ရှိခဲ့ကြပါသည်။ ဝယ်လက်သမားများအနေဖြင့် မန္တလေးဝယ်လက်ရော ရန်ကုန်ဝယ်လက်ပါ အဝယ်ရှိ၍ ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲဈေးမှာ တစ်တင်း ၄၆၀၀၀ကျပ် မှ ၄၇၀၀၀ကျပ်ထိ ပဲအရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ကြပါသည်။ ယခင်နှစ် ဒီဇင်ဘာလအတွင်း ပဲတီစိမ်း သီးနှံဈေးမှာ တစ်တင်း ၄၃၀၀၀ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခုနှစ် ပဲတီစိမ်း သီးနှံဈေးမှာ သိသိသာသာမြင့်တက်နေခြင်းမရှိဘဲ တစ်တင်း ကျပ် ၃ထောင်ခန့်စီသာပိုရခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)