ကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခင်ရှည်ကျေးရွာအုပ်စု၊ ဇီးခင်ကျေးရွာတွင် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းအဖြစ် သစ်သားစင်းနှီတုံးနှင့် သစ်သားယောင်းမများကို ရွာသူရွာသားများမှ ကိုယ်တိုင် လုပ်ကိုင်ကြပါသည်။ သစ်သားစင်းနှီတုံးကို မန်ကျည်းသားဖြင့် ပြုလုပ်ရခြင်းမှာ မန်ကျည်းသားသည် အလွန်မာကြောပြီး ကြာရှည်ခံသောကြောင့် ဆန်ဖွတ်ရန် ကျည်ပွေ့ များ၊ ဆီဆုံနှင့်ကြိတ်စက်များ၊ ထယ်များ၊ စူးများ၊ ဆောက်ရိုးများပြုလုပ်ရာတွင် ပိုမိုအသုံးဝင်သည့် အပြင် မီးဖိုချောင်သုံးပစ္စည်းဖြစ်သော စင်းနှီတုံးနှင့်
တောင်ငူမြို့ ညောင်ပင်ဈေးတွင် လိမ္မော်သီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ပါသည်။ ယခင် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ထွက်ရှိသည့် လိမ္မော်သီးများမှာ ညောင်ပင်ဈေးတွင် အလုံးမလှဘဲ ဈေးနှုန်းမှာ ၁ ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်းခန့်ထိ ရှိခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကြံများစတင်ထွက်ပေါ်နေပြီဖြစ်ပြီး မကြာမီရက်များတွင် လှိုင်လှိုင်ထွက်ပေါ်လာတော့မည်ဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉.၁၂.၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကြံစိုက်ပျိုးသော အင်ငါးခွကျေးရွာသို့သွားရောက်၍ ကြံစိုက်ပျိုးထွက်ရှိမှု့ ကုန်ကျစရိတ်များနှင့် အကျိုးအမြတ်များအား သိရှိနိုင်ရန်ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ လမင်းပဲ၊ နှမ်း ပွဲရုံသို့ သွားရောက်၍ ပဲဈေးနှုန်းနှင့် နှမ်းဈေးများ၊ အရောင်းအဝယ်ဖြစ်မှုပမာဏနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုအချိန်၌ ဝါသီးနှံများထွက်ပေါ်လာပြီဖြစ်သဖြင့် စာသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၉.၁၂.၂၀၂၂)နေ့ မစိုးရိမ်အုပ်စု၊ စောကဲကျေးရွာသို့သွားရောက်၍ ဝါစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၊ အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို သိရှိနိုင်ရန်ကွင်းဆင်းလေ့လာခဲ့ပါသည်။