Main menu

ပေါက်ခေါင်းမြို့နယ် ဝါစိုက်တောင်သူများနှင့် တွေ့ဆုံကွင်းဆင်းဆွေးနွေး

Powered by Drupal

    ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုအချိန်၌ ဝါသီးနှံများထွက်ပေါ်လာပြီဖြစ်သဖြင့် စာသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၉.၁၂.၂၀၂၂)နေ့ မစိုးရိမ်အုပ်စု၊ စောကဲကျေးရွာသို့သွားရောက်၍ ဝါစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၊ အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို သိရှိနိုင်ရန်ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ပေါက်ခေါင်းမြို့နယ်အနေဖြင့် ချည်မျှင်ရှည်ဝါစိုက်ဧက ၁၀၁၅ဧကတွင် ရိတ်သိမ်းဧကမှာ ၁၂၆ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် ပိဿာချိန် ၄၀၀/၅၀၀ ခန့်ထွက်ရှိ သည်ဟု သိရှိရပါသည်။ ပေါက်ခေါင်းမြို့နယ်၊ မစိုးရိမ်အုပ်စု၊ စောကဲကျေးရွာရှိ ဝါစိုက်ပျိုးသူ တောင်သူ နှင့်တွေ့ဆုံ၍ ဆွေးနွေးမေးမြန်းရာ ၎င်းမှဝါစိုက်ဧက(၃)ဧကရှိပြီး ဝါသီးနှံကို မိုးကြို ရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ ဝါပင်၏ သက်တမ်းမှာ စတင်စိုက်ပျိုးသည့်ရက်မှ ဝါကောက်ပြီးချိန်အထိ ရက်ပေါင်း ၁၂၀-၁၃၀ ရက်ဖြစ်ပါသည်။ ဝါတစ်ဧက စိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ်မှာ ၈သိန်းကျော်ကုန်ကျပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ပိဿာချိန် ၈၀၀ခန့် ထွက်ရှိသည်ဟု သိရှိရပါသည်။ ဝါတစ်ပိဿာရောင်းဈေးမှာ (အထိုင်ဈေး) ၂၇၀၀ကျပ် ခန့်ရရှိပြီး တစ်ဧကဝင်ငွေမှာ ၂၁၆၀၀၀၀ခန့်ရရှိ၍ အသားတင်အကျိုးအမြတ်မှာ ၁၃၆၀၀၀၀ကျပ် ခန့်ရရှိသည်ဟု သိရှိရပါသည်။

     ယခုနှစ် ဝါစိုက်တောင်သူများအနေဖြင့် သွင်းအားစုများမြင့်တက်လာပြီး ယခင်နှစ်ထက်စာလျှင် ဝါအထွက်နှုန်း နည်းလာသော်လည်း ဈေးနှုန်းမှာ ယခင်နှစ်ကထက် တစ်ဆမြင့်တက်လာသဖြင့် တောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိလာသည်ဟု သိရှိရပါသည်။ ဝါစိုက်တောင်သူများ အနေဖြင့် ဝါစိုက်ဧကများတိုးချဲ့စိုက်ပျိုးပြီး၊ နည်းစနစ်မှန်ကန်စွာစိုက်ပျိုး၍ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးမည်ဆိုပါက ဒီထက်မက အကျိုးအမြတ်များပိုမိုရရှိမည်ဟု လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

DOCA(ပဲခူး)