မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ စည်ပင်သာယာဈေးကြီးသည် ဒေသတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော သီးနှံမျိုးစုံနှင့် ရှမ်းပြည်နယ်အောင်ပန်း၊ သီပေါမြို့များမှ ထွက်ရှိသော သီးနှံများ ပခုက္ကူမြို့နယ် မြေနုကျွန်းမြေများမှ ထွက်ရှိသော သီးနှံများကို ပခုက္ကူမြို့မှတစ်ဆင့် ပေါက်မြို့ စည်ပင်သာယာဈေးအတွင်းသို့ ဝင်ရောက်ပြီး ဒေသတွင်းရှိ ကျေးရွာများမှ စားသုံးသူများလာရောက် အရောင်းအဝယ် ဖောက်ကားရာဈေးဖြစ်ပါသည်။
ပေါက်မြို့စည်ပင်သာယာဈေးတွင် ဒီဇင်ဘာလ (၇)ရက်နေ့မှ (၁၂)ရက်နေ့အတွင်း နေ့စဉ် အရောင်းအဝယ်ဖြစ်နေသည့် ကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(ထိုင်ဝမ်) (၁)ပိဿာ ကျပ်(၁၆၀၀)၊ ဗမာခရမ်းချဉ်သီး(၁)ပိဿာ ကျပ်(၂၅၀၀)၊ ခရမ်းချိုသီး (၁)ပိဿာ ကျပ်(၁၂၀၀)၊ မျှစ်(၁)ပိဿာ ကျပ် (၂၆၀၀) ၊ ဘူးသီး(၁)လုံးလျှင် ကျပ်(၅၀၀ မှ ၁၀၀၀) ၊ ခါကြက်ဥ(၁)ပိဿာ ကျပ်(၂၅၀၀)၊ ဂေါ်ဖီ ထုပ် (၁)ထုပ် ကျပ်(၉၀၀ မှ ၁၂၀၀)၊ ကြက်သွန်နီ(အသစ်)(၁)ပိဿာ ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာ ကျပ်(၃၅၀၀ မှ ၄၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်)(၁)ပိဿာ ကျပ်(၅၅၀၀ မှ ၆၀၀၀)၊ ပဲနှောက်ခြမ်း(၁)ပြည် ကျပ်(၆၄၀၀)၊ ကုလားပဲခြမ်း(၁)ပြည် ကျပ်(၆၄၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာ ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်း(ရွှေအပ်သီး)(၁)ပိဿာ ကျပ်(၁၂၀၀၀)၊ ငရုတ်သီးခြောက် (အတောင့်)(၁)ပိဿာ ကျပ်(၂၀၀၀၀)၊ ငရုတ်သီးမှုန့်(အကြမ်း)(၁)ပိဿာ ကျပ်(၂၅၀၀၀)၊ ငရုတ်သီးမှုန့် (အနု) (၁)ပိဿာ ကျပ်(၂၅၀၀၀)၊ ဂျင်းတက်(၁)ပိဿာ ကျပ်(၂၅၀၀)၊ ဂျင်းပေါက်(၁)ပိဿာ ကျပ်(၃၀၀၀)၊ အာလူး (၁)ပိဿာ ကျပ်(၂၈၀၀)၊ ကြက်ဥ(၁)ပိဿာ ကျပ် (၆၀၀၀)၊ ပန်းမုန်လာ(၁)ပွင့် ကျပ်(၅၀၀ မှ ၇၀၀)၊ CPကြက်(၁)ပိဿာ ကျပ်(၁၂၀၀၀)၊ ဗမာကြက် (၁)ပိဿာ ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာ ကျပ်(၂၀၀၀၀)၊ အမဲသား (၁)ပိဿာ ကျပ် (၁၄၀၀၀ မှ ၁၆၀၀၀)၊ ဝက်သား(၁)ပိဿာ ကျပ်(၁၄၀၀၀ မှ ၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာ ကျပ် (၈၀၀၀)၊ ငါးမုတ် (၁)ပိဿာ ကျပ်(၆၀၀၀)၊ ငါးခူ(၁)ပိဿာ လျှင် ကျပ်(၈၀၀၀)၊ ဧရာမင်းဆန် (၁)အိတ် ကျပ်(၆၀၀၀၀)၊ ဧရာပဒေသဆန်(၁)အိတ် ကျပ်(၆၅၀၀၀)၊ အမေ့နို့ရည်ဆန်(၁)အိတ် ကျပ်(၇၃၀၀၀)၊ မိုးဆန်းပန်းဆန် (၁)အိတ် ကျပ်(၆၀၀၀၀)၊ ဆင်းသုခ (၁)အိတ် ကျပ်(၅၅၀၀၀)၊ မနောသုခ(၁)အိတ် ကျပ်(၅၅၀၀၀)၊ နှမ်းဆီ (၁)ပိဿာ ကျပ် (၁၂၀၀၀)၊ ပဲဆီ (၁)ပိဿာ ကျပ် (၁၂၀၀၀)၊ ရောဆီ(၁)ပိဿာ ကျပ်(၆၀၀၀) ဈေးတို့ရှိကြောင်း၊ ပေါက်မြို့ စည်ပင်သာယာဈေးအတွင်းရှိ ရောင်းဝယ်ဖောက်ကားသူများထံမှ သိရှိရပါသည်။
DOCA(မကွေး)