မကွေးတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုတစ်ပတ်တွင် မကွေးကုန်စည်ဒိုင်၌ အရည်အသွေးနှင့် ဝယ်လိုအားကြောင့် ပဲတီစိမ်း၊ ပဲစဉ်းငုံနီတို့ စျေးနှုန်းများမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ယခင်တစ်ပတ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ပဲတီစိမ်းတစ်တင်းလျှင်ကျပ် (၄၁၀၀၀)ရှိခဲ့ရာ ယခုတစ်ပတ် ဒီဇင်ဘာ(၁၂)ရက်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၄၃၀၀၀)စျေးရှိခဲ့ပြီး အရောင်းအဝယ်အနေဖြင့် အိတ်(၁၀၀)မှ (၄၀၀) ကြားအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ပဲစဉ်းငုံနီမှာ ယခင်တစ်ပတ် ဒီဇင်ဘာ(၅)ရက်နေ့တွင် တစ်တင်းလျှင်ကျပ် (၅၇၅၀၀)ရှိခဲ့ရာ ယခု တစ်ပတ် ဒီဇင်ဘာ(၁၂)ရက်တွင် ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ်(၅၈၄၀၀)စျေးဖြင့် အိတ်(၅၀၀) ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်းတစ်တင်းလျှင်ကျပ်(၂၀၀၀)၊ ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ် (၉၀၀) စီစျေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)