Main menu

မကွေးမြို့၏ စက်သုံးဆီစျေးနှုန်းများအခြေအနေ

Powered by Drupal

         စက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်‌ပေးလျက်ရှိရာ မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၂၁)ဆိုင်မှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလတွင် ဒုတိယပတ်နှင့် တတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ  ဒုတိယအပတ်တွင် စက်သုံးဆီ စျေးနှုန်း များမှာ 92 တစ်လီတာလျှင် ကျပ်(၁၉၁၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၀၀၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၂၄၀)၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၃၁၅) ရှိခဲ့ပြီး ဒီဇင်ဘာလ တတိယအပတ်တွင် 92 တစ်လီတာလျှင် ကျပ်(၁၈၄၀)၊ 95 တစ်လီတာလျှင် ကျပ်(၁၉၃၀)၊ ဒီဇယ်(ရိုးရိုး)  တစ်လီတာလျှင် ကျပ် (၂၁၇၅)၊ ဒီဇယ်(ပရီမီယမ်)  တစ်လီတာလျှင် ကျပ်(၂၂၅၀)ဖြစ်၍ 92 တစ်လီတာလျှင်ကျပ်(၇၀)၊ 95 တစ်လီတာလျှင် ကျပ်(၇၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်ကျပ်(၆၅)၊ ဒီဇယ်(ပရီမီယမ်)  တစ်လီတာလျှင် ကျပ်(၆၅)စသည်ဖြင့် အသီးသီး စျေးနှုန်းလျော့ကျခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)