Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Dec 2022

    ပြင်ဦးလွင်မြို့သည် တောင်ပေါ်မြို့လေးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ ပြည်တွင်း၊ပြည်ပခရီးသွားများ အမြဲမပြတ်လာရောက်လေ့လာလည်ပတ်လျက်ရှိပါသည်။မြို့နယ် အတွင်းရှိတောင်သူများသည် ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ နှင့် နှစ်ရှည်သီးနှံ ပန်းမာလ်များ စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံးအတွက် ပန်းမန်များ အများဆုံး စိုက်ပျိုးတဲ့မြို့လေးဖြစ်ပါသည် ။ ၄င်းသီးနှံများအား မြန်မာနိုင်ငံအနှံ့မြို့ကြီးများသို့ တင်ပို့ရောင်းချသည့်အထဲတွင် ပန်းမန်ကတော့ အဓိကဒေသထွက်ကုန်တစ်မျိုးအနေဖြင့် တင်ပို့နေကြတာတွေ့

19 Dec 2022

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ နိုင်ငံဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားဆီများရောင်းချပေးခြင်းကို (၂၈.၁၁.၂၀၂၂)မှ (၇.၁၂.၂၀၂၂)ထိ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

19 Dec 2022

    ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ပဲပုပ်များထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက်ရှိကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။

19 Dec 2022

      လိမ္မော်သီးကို ကယားပြည်နယ်အတွင်းရှိ ဘောလခဲမြို့နယ် လွိုင်ဝိန်ကျေးရွာ၊ ဝမ်မလန်ကျေးရွာတို့တွင် လည်းကောင်း၊ ဖရူဆိုမြို့နယ် မူဆိုကျေးရွာတွင်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာတို့တွင် မိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဆောင်းဝင်စအချိန်တွင် ရောင်းချနိုင်သော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဈေးကွက်အတွင်းရောင်းချသောလိမ္မော်သီးမှာ ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း၊ အောင်ပန်းနှင့် ကလော အစရှိသည့်ဒေသများမှ မှာယူတင်သွင်းကြပြီး ယခုဒီဇင်ဘာလတတိယ

19 Dec 2022

      ကယားပြည်နယ်ဒေသထွက်ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာ၊ ကုန်းသာကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာတို့တွင် အဓိကစိုက်ပျိုးကြပါသည်။ ဒေသထွက်ဂျင်းတွင် ဂျင်းကြီးနှင့် ဂျင်းသေးဟူ၍ (၂)မျိုးရှိရာ ပြည်နယ်အတွင်းလူသုံးများသောကြောင့် အရောင်းသွက်သော ဟင်းခတ်အမွေးအကြိုင်တစ်မျိုးဖြစ်ပါသည်။ ယခု ဒီဇင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဂျင်းကြီးတစ်ပိဿာဈေးနှုန်း မှာ(၁၅၀၀) ကျပ်၊ ဂျင်းသေးတစ်ပိဿာဈေးနှုန်းမှာ(၂၈၀၀)ကျပ်နှုန်းသာရှိပြီး ယခင်နိုဝင်ဘာလ တ

Pages